Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကၟကီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ကကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ၟကပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Saturday, February 26, 2011

ဒီနည်းလမ်းကိုမၟကိုက်ရင် နောက်တစ်နည်းရှာ ၀ါဒီဇွတ်မပေးၟကနဲ့

မြန်မာနိုင်ငံအတွင်းမှ လူတွေသည် ဦးနှောက်ရှိသော စဉ်းစားဆင်ခြင်တတ်သော သူများဖြစ်ၟကသည်။ အတန်းပညာကို လိုအပ်သလောက် သင်ယူပြီးသား ဖြစ်ၟကသည်။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံက သင်ပေးသော ပညာတွေနဲ့ ဘ၀မှာရပ်တည်နေတာပါ။ ကျွန်တော့်လိုပဲ နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံက သင်ၟကားပေးတဲ့ ပညာတွေနဲ့ ဘ၀ကိုရပ်တည်နေသူပေါင်း မြောက်များစွာ ရှိမည်ဟု ယုံၟကည်ပါသည်။

မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ အထူးစိတ်မကောင်းသော အရာတစ်ခုရှိပါတယ်။ မိမိနိုင်ငံမှာ နေနိုင်ရင်နေပါ။ မနေနိုင်ရင် တခြားနိုင်ငံမှာ နေနိုင်ပါတယ်။ ဒါမှမဟုတ် အလုပ်တွေလုပ်ပြီး ၟကီးပွားတိုးတက်ရေးကို ရှာနိုင်ပါတယ်။ တစ်ချိန်မြန်မာပြည်ပြန် ကိုယ့်နိုင်ငံမှာ စီးပွားရေးလုပ်ပြီး ကောင်းရာကောင်းေၟကာင်းလေး နေထိုင်လို့ရပါတယ်။ အခုတော့ မိမိနိုင်ငံမှာ မနေနိုင်ပဲ ထွက်ပြေး၊ ပြေးပြီးရင်လည်း ကိုယ့်ဘ၀ကိုယ် ချုပ်ငြိမ်းနိုင်အောင် ၟကိုးစားၟကဖို့တော့ လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့နေတဲ့ အမြင်တစ်ခုကို ပြောရမယ်ဆိုရင် နိုင်ငံရေးအမြင်ပေါ့။ ဖြစ်နေတာကို ပြောရရင် ဆိုးသွမ်းနေတဲ့ ကလေးတစ်ယောက် အိမ်ပေါ်ကဆင်းပြေးပြီး အိမ်ကိုပြန်ဆဲနေတဲ့ သဘောတွေ ပေါက်နေပါတယ်။ ကိုယ့်မိုက်ပြစ်နဲ့ကိုယ် ဖြစ်နေတာကို နောင်တတွေ မရနိုင်ၟကသေးဘူး။ ရုပ်တွေကို ၟကည့်လိုက်မယ်ဆိုရင် အသက်တော်တော်ရနေပါပြီး။ အခုချိန်ထိ သူတပါးမကောင်းေၟကာင်းနဲ့ အသက်ရှင်နေတုန်းပဲ။ ကိုယ့်နိုင်ငံအတွက် ကောင်းတာကို တစ်ခုမှမလုပ်ရသေးဘူး…။ ဒီလိုလူတွေပေါင်းများစွာ နိုင်ငံရပ်ခြားအသီးသီးမှာ ရှိနေၟကတယ်လို့ ပြောရင်လွန်မယ်မထင်ပါဘူး။

တချို့တွေဆို အကျင့်စာရိတ္တ ပျက်ပြားရုံတင်မကဘူး မြန်မာနိုင်ငံၟကီး ပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ချက်တွေတောင် ရှိနေၟကတယ်။ ဒါပေမယ့် အဲဒီလူတွေ လုပ်နေ၊ စားနေ၊ နေနေရတာကလည်း မြန်မာနိုင်ငံရေးနှင့် မကင်းပါဘူး။ အရေးခင်းထပ်ဖြစ်အုံးမှာ… ချၟကအုံးမှာ… မြန်မာနိုင်ငံကို အမေရိကန်က ၀င်ချအုံးမှာ… အမေရိကန်က မြန်မာနိုင်ငံကို ၀င်သိမ်းပါစေဆိုတဲ့ ဆန္ဒမျိုးတွေနဲ့ စာတွေကို ယနေ့ဖတ်နေရတော့ သိပ်ကိုဝမ်းနည်းစရာ ကောင်းပါတယ်။ ဒီလိုအရေးသားရှိတဲ့ လူတွေကပဲ ခဏနေရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ငါတို့အရေး၊ ငါတို့နိုင်ငံကွလို့ အော်နေၟကပြန်တယ်။ တယ်လည်းတရားကျဖို့ ကောင်းလွန်းပါတယ်။ ဟိုဘက်မှာ တစ်မျိုးပြောလိုက် ဒီဘက်မှာ တစ်မျိုးပြောလိုက်နဲ့ ကိုယ်ကျင့်တရား မကောင်းတော့ ရှက်ရကောင်းမှန်းမသိေၟကာက်ရကောင်းမှန်းမသိနဲ့ ပြောချင်ရာကို ပြောနေၟကတယ်။ ကိုယ်ပြောထားတဲ့ စကားကိုလည်း တာဝန်မယူနိုင်ၟကတာ နိုင်ငံရေးလုပ်နေၟကသူတွေပဲ မဟုတ်လားဗျာ…။ ကျွန်တော်တွေးၟကည့်မိပါတယ်။ ပြဿနာကို မဖြစ်အောင် ထိန်းရမယ့်အစား ပြဿနာဖြစ်အောင် အမြဲတမ်း လှုံဆော်နေၟကတယ်။ ဒီလူတွေေၟကာင့်လည်း ကျွန်တော်တို့နိုင်ငံက ပျက်စီးမှုဒဏ်ကို ခံနေၟကရတာ စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။

နိုင်ငံတော်အစိုးရ မကောင်းဘူးလို့သာ အော်နေၟကတယ်… ကိုယ်ကရော ဘယ်လောက် ကောင်းနေသလဲ စဉ်းစားမိရဲ့လားလို့ မေးခွန်းထုတ်ၟကည့်ပါ။ ကိုယ့်အလှည့်ကျရင် ဘယ်လိုကောင်းအောင် လုပ်မလဲ… ဘယ်နေရာအားနည်းချက်တွေ ရှိနေသလဲ ဒါတွေကို မြင်အောင်ၟကည့်ပြီး အပြုသဘောဆောင်တဲ့ အပြောအဆိုတွေပဲ ဖြစ်သင့်ပါတယ်။ ဘယ်နိုင်ငံအစိုးရကမှ တိုင်းပြည်မကောင်းအောင် လုပ်တာမရှိပါဘူး။ အကုန်လုံးက ကောင်းအောင် လုပ်နေၟကတာပဲဆိုတာ မယုံၟကည်စရာမရှိပါဘူး။ VOA တို့ BBC တို့ RFA စသော ဝေဖန်ရေးနှင့် လေကန်ရေး လုပ်နေသူတွေကရော မြန်မာနိုင်ငံကောင်းေၟကာင်း ဘာတွေလုပ်နေသလဲ… တိုင်းပြည်မှာ ဆင်းရဲတဲ့လူတွေ လိုက်ရှာအင်တာဗျူး ချမ်းသာတဲ့နေရာတွေနဲ့ ယှဉ်ပြ၊ လူတိုင်းမှာ ခံစားချက် ကိုယ်စီရှိၟကတယ်။ လွတ်လပ်မှုပေးရင် လူတွေက အကုန်ချမ်းသာခြင်းၟကတာပဲ။ ကျေးရွာတစ်ခုမှာ မီးမလင်းဘူး ဆိုၟကပါစို့… မီးလင်းအောင် VOA BBC RFA အဲဒီလေလှိုင်းအသံတွေက ဘာမှမလုပ်ပေးနိုင်ဘူး။ သူတို့လုပ်ပေးနိုင်တာက အချင်းချင်းရန်တိုက်တာပဲ။ တော်တော်ရုပ်ဆိုးလွန်းတာက ရုပ်ပြပြီး အသံတွေလွှင့် ကိုယ်ကပဲသူတော်ကောင်း ကျန်တဲ့လူကမကောင်းတော့တဲ့ အမြင်တွေနဲ့။ တကယ်တမ်းတော့ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို နိုင်ငံတော်အစိုးရသာလျှင် လုပ်ပေးနေရတာပါ… နေရာတိုင်းကိုတော့ တပြိုင်ထဲနဲ့ မဖြစ်နိုင်ဘူး… တဖြည်းဖြည်းချင်း လုပ်ဆောင်နေၟကတာ ကျွန်တော်တို့အမြင်ပဲ မဟုတ်လား။ လုပ်ပေးလိုက်လို့ ၀မ်းသာနေၟကတဲ့ ပြည်သူတွေက ဘာမှမပြောရဘူး။ ဒီလူတွေကပဲ သုံးသပ်ချက်တွေဆိုပြီး ထွက်လာတယ်။ အသုံးမကျတဲ့ သုံးသပ်ချက်တွေဆိုတာ ဒါမျိုးကို ခေါ်ရမှာပါ။ လုပ်ပေးတော့လည်း လုပ်ပေးတဲ့နေရာက ဘာမကောင်းဘူး… သူတို့အတွက်သာ လုပ်နေတာဆိုတဲ့ ဝေဖန်ရေးမျိုးတွေက ကျွန်တော်နားနဲ့ နားထောင်လို့တောင် မရဘူး။ ဒါကကောင်းတာကို လက်မခံနိုင်တဲ့ အုပ်စုတွေ ဖြစ်နေၟကတယ်။ မြန်မာနိုင်ငံ တိုးတက်သွားရင် သတင်းပြောစရာ၊ အပြစ်ပြောစရာ မရှိမှာဆိုးလို့ ၟကံဖန်ရှာဖွေ ပြောဆိုနေတဲ့ မြန်မာပြည်ဖျက်သမားတွေသာ ဖြစ်တယ်ဆိုတာ ထင်ရှားလွန်းပါတယ်။

မီဒီယာတွေမှ လုပ်ပေးနိုင်တဲ့ အချက်တွေက ကောင်းကျိုးတွေလား ဆိုးကျိုးတွေလားဆိုတာ ပြည်သူတွေ အနေနဲ့ ဆင်ခြင်နိုင်အောင် ဥပမာလေးတစ်ခုနဲ့ ပြောပြပါမယ်။ ဗုဒ္ဓဘာသာဆိုတော့ ဘုရားတရားနဲ့ ဆိုင်တာလေး ပြောပါမယ်။

(၁)ဘုန်းၟကီးတွေကို ရိုက်တာမရိုက်တာ သေနတ်တွေနဲ့ ပြစ်တာမပြစ်တာကို အရင်ဆုံးဖယ်ထားလိုက်ပါဦး…။ ပစ်တယ်ရိုက်တယ်လို့ ဒီမီယာတွေက သတင်းဆိုလာတယ်… ဗုဒ္ဓဘာသာဆိုတာ အဲလိုမလုပ်ရဘူး… ဘုန်းၟကီးအတုဆိုပေမယ့်လည်း သင်္ဃန်းကိုတော့ လေးစားရမယ်လို့ သူတို့တွေ ပြောၟကတယ်။ သိပ်မၟကာပါဘူး… စက်တင်ဘာအရေးခင်းကို အမှတ်တရဆိုပြီး ပေါ်ပြူလာဖြစ်အောင် ဇာတ်ကားတစ်ကား ရိုက်ၟကတယ်… အဲဒီထဲက အခန်းတစ်ခန်းကို ထုတ်နုတ်ပြၟကည့်မယ်။ ဒီဇာတ်ကားရိုက်တဲ့လူတွေရော စီစဉ်သူတွေရော မစဉ်းစားမိတဲ့အချက် သူတပါးကိုသာ အပြစ်ပြောနေၟကတာ… သူတို့ပြန်ရိုက်ထားတဲ့ ဇာတ်ကားထဲမှာက ဘုန်းၟကီးအခန်းလုပ်တဲ့ ခပ်၀၀နဲ့ လူတစ်ယောက်ကို စစ်သားအခန်းသရုပ်ဆောင်ရတဲ့ လူနှစ်ယောက်က အခန်းထဲ ဆွဲခေါ်လာတယ်… ပြီးတော့ ရိုက်တယ်… သေနတ်ဒင်တွေနဲ့ရိုက်တယ်။ မျက်နှာကို ဖိနပ်နဲ့တက်နင်းတယ် စောင့်ကန်တယ်။ သင်္ဃန်းကို အတင်းချွတ်တယ်။ မယ်သီလရှင်အခန်း သရုပ်ဆောင်ရတဲ့ မိန်းမကိုလည်း ဒီလိုပဲ လုပ်ပြီး သူတို့တွေ ဇာတ်လမ်းကို ရိုက်သွားၟကတယ်။ အဲဒါတွေအကုန်လုံးကမှ အပြစ်တွေပဲ…။ သူတို့လုပ်လို့ ငါတို့လိုက်လုပ်တာက ကောင်းတာကိုသာ အတုခိုးရမယ်။ မကောင်းတာကို လိုက်အတုခိုးတယ်ဆိုတော့ ဒီလူတွေသည် အကုသိုလ်ကို ၀ယ်ယူတာပဲ။ ဘာသာရေးနဲ့ အခုလို အကွက်ချပြီး ၟကိုတင်ပြင်ဆင် လုပ်တာဟာ ၟကီးလေးတဲ့အပြစ်တစ်ခုပဲ…။ စက်တင်ဘာတုန်းက ဖြစ်တာက ရုတ်တရပ်ဖြစ်လာတာကို လုပ်ၟကရတာ…။ အခုဒီဇာတ်လမ်းရိုက်တာက အချိန်အများၟကီး ယူၟကပါတယ်။ ဒီလူတွေ ကိုယ်လုပ်နေတာကို အကုသိုလ်ဆိုတာကို မသိၟကဘူး သူတပါးလုပ်တာကမှ အကုသိုလ်လို့ ထင်ပြီးလုပ်ၟကတာ အင်မတန် မိုက်မဲလွန်းလှပါတယ်။

(၂) အေၟကာင်းအရာတွေက မဆီမဆိုင်တာတွေ အရမ်းများလာတယ်။ မြန်မာစကားပြောနေတဲ့ မြန်မာတွေက အသံလွှင့်ဌာနတွေမှာ ၀မ်းရေးအတွက် အလုပ်လုပ်နေၟကတယ်။ ဒီလူတွေ နေ့တိုင်းလိမ်ညာနေတယ်။ ဘယ်ဘက်မှ မပါပဲနဲ့ မှန်တဲ့ဘက်ကနေ ရပ်ၟကည့်ရင် နေ့စဉ်နေ့တိုင်း သူများမကောင်းေၟကာင်းတွေနဲ့ ဘယ်လိုအေးချမ်းမှာလဲ။ ဒါေၟကာင့်လဲ သူတို့ရဲ့ဘ၀က အမြဲတမ်း ပူပင်သောကတွေ ရောက်နေၟကရတယ်။ ရည်ရွယ်ချက်တွေကိုက မကောင်းတဲ့ဘက်ကို ရောက်နေမှတော့ ကိုယ်လုပ်နေတဲ့ အလုပ်သည် ကောင်းသည်ဟု ဘယ်လိုစိတ်ဓာတ်မျိုးတွေနဲ့ တည်ဆောက်ပြီး လူအများကို အသံလွှင့်၊ ရုပ်ပြ လုပ်နေၟကတာလဲ။

လုပ်ရပ်တွေက ရပ်တန့်သွားမလားလို့ ၟကည့်နေတာ အခြေနေကဆိုးသထက် ဆိုးသွမ်းလာတယ်။ ဆရာတော်အရှင်ပညာနန္ဒ အမေရိကရောက်စဉ်က VOA သတင်းဌာနက အင်တာဗျူးလုပ်ခဲ့တယ်။ ဗုဒ္ဓဘာသာ ဘုန်းၟကီးတစ်ပါးကို မြန်မာလူမျိုးတွေ အားလုံးက ရိုးသေလေးစားၟကတယ်… ဒါအပြင့် လူသားတွေ ကောင်းကျိုးအတွက် တရားပြနေတဲ့ ဆရာတော်ကို မေးမြန်းမှုတွေက အဓမ၌မှုတွေပါနေတယ်။ မြန်မာလူမျိုးဖြစ်ပြီး မြန်မာပြည်သူများ ၟကည်ညိုလေးစားရတဲ့ ဘုန်းၟကီးကိုတောင် မလေးစားဘူး… ရိုသေထိုက်သူကို မရိုသေတာ၊ ဂါရ၀တရားမထားတာ ဗုဒ္ဓဘာသာမှ မဟုတ်တာ။ တကယ်တော့ ဒီလူတွေကို မြန်မာဆိုတဲ့ စာရင်းကပယ်သင့်ပါတယ်။ ဘုန်ၟကီးတောင် အလွတ်မပေးချင်တဲ့ စိတ်ဓာတ်တွေနဲ့ သူတို့ခံယူထားတာကရော ကျွန်တော်တို့ဘာသာ ဖြစ်ပါတော့မလားဗျာ…။ ဆရာတော်တရား နားထောင်ပြီး စိတ်မကောင်းဖြစ်မိတယ်။ေၟသာ်…ဒီလူတွေ တော်တော်ဆိုးပါလားလို့ ထင်မိတယ်။ အရင်ကတော့ မီဒီယာတွေနဲ့ ပတ်သတ်ပြီး ဘာမှသိပ်ပြီး မပြောခဲ့ဘူး။ နားလည်ပေးလိုက်တယ်။ သူတို့လူပဂ္ဂိုလ်အချင်းချင်း မြန်မာနိုင်ငံမကောင်းေၟကာင်းထိ သည်းခံပြီးနေပေးတယ်။ အခုလိုမျိုးကျတော့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ မခံမရပ်နိုင် ဖြစ်ရပါတယ်။ ဒီလိုမိုက်ရိုင်းမှုတွေအတွက် ဒီစာတွေ ရေးနေရခြင်း ဖြစ်ပါတယ်။ ထမင်းဝဖို့လုပ်နေၟကတာ ငရဲတောင် မေၟကာက်တော့ပါလား။ ဒါမျိုးတွေကိုလည်း ရှုံ့ချပေးသင့်ပါတယ်။ ဘယ်သူမှလည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး…။ ပြည်သူတွေက မသိလို့သာ လိမ်တာခံနေရတာပါ။ အခုလိုမျိုး မိုက်ရိုင်းမှုတွေကိုလည်း သိအောင်လက်ဆင့်ကမ်းပေးၟကပါ။

အခုလို ကျွန်တော်မြင်တဲ့ အချက်(၂)ချက်ကို ချပြီးပြောပြၟကည့်တာပါ။ ဒီထက်ဆိုးတဲ့ အခြေအနေတွေလည်း ရှိနိုင်ပါသေးတယ်။ ကိုယ်ပဲကောင်းတယ် နိုင်ငံတော်အစိုးရ မကောင်းဘူးလို့ ထိုသူတွေ ခံယူထားၟကတယ်။ ပြည်သူတွေအနေနဲ့ သေချာစဉ်းစားဖို့ လိုအပ်ပါတယ်။ သူတို့တွေက ရန်တိုက်ပေးပြီး ကျွန်တော်တို့ပြည်သူတွေကို အသုံးချနေၟကတာပါ။ ဒီလိုအသုံးချမခံရအောင် သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ အပြုအမှုတွေကိုလည်း သေချာစုံစမ်း သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ပြည်သူတွေကသာ ကျွန်တော်တို့နိုင်ငံရေးကို တိုက်ရိုက်သက်ဆိုင်တာပါ… ထို့ေၟကာင့် ဒီလူတွေရဲ့ သွေးထိုးမှု မြှောက်ထိုးပင့်ကော် လုပ်မှုတွေကို တတ်နိုင်သမျှ ဝေးဝေးကရှောင်ကျဉ်ၟကဖို့ သတိပေးလိုပါတယ်။

ကျွန်တော်တို့ ပြည်သူတွေက ပညာတတ်ၟကပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေနဲ့ မီဒီယာသမားတွေက ပြည်သူတွေကို ပညာမတတ်စေချင်ဘူး။ မြန်မာနိုင်ငံက ပြည်သူတွေ ပညာမတတ်ဘူးလို့ပဲ သတင်းတွေမှာ လွှင့်ၟကတယ်။ သေချာတာတစ်ခုက နှိမ့်ချခြင်းပဲဖြစ်ပါတယ်။ ကောင်းတာကို မပြောချင်တော့ မကောင်းတာနဲ့ အမြဲပိတ်ပင်ထားတယ်။ ပညာတတ်တယ်ဆိုပေမယ့် စဉ်းစားဆင်ခြင်တဲ့ အပိုင်းမှာ မြန်မာတွေ အားနည်းတာအမှန်ပဲ။ သူတပါးမကောင်းေၟကာင်း ပြောပြီးဆိုရင် ရောနှောပြောတတ်တဲ့ အကျင့်ရှိနေၟကတယ်။ ဒါေၟကာင့်လဲ ဗုဒ္ဓဘာသာကို သေချာနားလည်ဖို့ ခက်နေၟကတယ်။ ယုံၟကည်မှုဆိုတာက သုံးသပ်ချက်ရှိရတယ်။ ဝေဖန်ဆန်းစစ်မှု မရှိပဲ ဟုတ်၏ မှန်၏ ဟု အမြဲတမ်း ယုံၟကည်နေရင် လမ်းမှန်ပေါ်ကနေ လမ်းမှားရောက်နေပြီးလို့သာ မှတ်ယူနိုင်တယ်။ အဲလိုမစဉ်းစား မဆင်ခြင်နိုင်တဲ့အခါ ဒါကိုအခွင့်ကောင်းယူပြီး မြှောက်ထိုးပင့်ကော် သမားတွေရဲ့ အသုံးချမှုကို ခံၟကရတယ်။ နိုင်ငံရေးလုပ်တဲ့ လူတွေကအကျိုးစီးပွား တစ်ခုခုရှိလို့ ဘ၀ကိုပေးဆပ်ပြီး လုပ်နေၟကရတာ။ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့လူ ယနေ့ခေတ်မှာ ရှားပါးတယ်။ သနားဖို့ကောင်းတာက ပြည်သူတွေပဲ ဘုမသိဘမသိနဲ့ နိုင်ငံရေးသမားတွေရဲ့ သွေးထိုးလှုံဆော်မှုေၟကာင့် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ နောက်ဆုံးတော့လည်း ထောင်ထဲမှာ ဘ၀ကိုနိဂုံးချုပ်နေရတယ်။

ဝေဖန်ခြင်းမှာ နှစ်မျိုးရှိပါတယ် ကောင်းတာကိုလိုချင်လို့ ဝေဖန်ခြင်းနှင့် မကောင်းတာကို လိုချင်လို့ ဝေဖန်နေခြင်း နှစ်မျိုးပေါ့။ ကောင်းတဲ့ဝေဖန်ခြင်းကို လူတိုင်းနားလည်သလို မကောင်းတဲ့ ဝေဖန်ခြင်းကိုလည်း လူတိုင်းနားလည်ၟကတယ်။ ဘယ်သူတွေ ဘယ်လိုဝေဖန်နေၟကတယ်ဆိုတာ အရင်ဆုံးသိအောင် သမိုင်းပြန်လှန်ၟကည့်ရန် လိုအပ်ပါတယ်...။ အစမကောင်းတော့ နောင်ကိုကောင်းဖို့ မၟကိုးစားပဲ... ဆက်တိုက်မှားနေတဲ့ လူတွေအရမ်းများနေလို့ စည်းလုံးမှုမရှိတာပဲ ဖြစ်ပါတယ်။ သေချာၟကည့်ၟကည့်ပါ ဘယ်သူက ကောင်းအောင်လုပ်နေလဲ ဘယ်သူကအဖျက်လုပ်ငန်းတွေ လုပ်နေလဲဆိုတာ...???

တိုင်းပြည်တစ်ခုမှာ သူ့အဖွဲ့အစည်းနဲ့သူတော့ ရှိၟကတယ်။ အာဏာပိုင်းမှာဆိုလည်း အာဏာၟကီးဆိုးမှု ရှိပါတယ်။ လောကမှာ လူတွေရဲ့ စိတ်ဓာတ်တွေက တစ်ယောက်နဲ့တစ်ယောက် မတူၟကဘူး…။ ပင်ကိုဗီဇတွေနဲ့လည်း သက်ဆိုင်တယ်။ ငယ်ငယ်ကတည်းက အသိတရားလေးတွေနဲ့ အလုပ်လုပ်တတ်တဲ့ ကလေးတစ်ယောက်သည် ၟကီးလာတဲ့အချိန်မှာလည်း ထိုအသိတရားလေးနဲ့ လုပ်ရတာကိုပဲ နှစ်သက်တယ်။ ကိုယ်ပိုင် အတွေးအခေါ်ထဲမှာ အသိတရားဝင်နေတဲ့အတွက် သူ့ကိုရိုက်ပုတ်သတ်ဖြတ် ညုင်းဆဲပြီး ပြောနေစရာလည်း မလိုဘူး။ မဟုတ်မမှန်တာကို မလုပ်ဘူး… သူတပါးကောင်းကျိုးကို ၟကည့်တတ်လာတယ်။ သူ့အတွက် အေးချမ်းမှုရရှိတယ်။ ဒါနဲ့ပြောင်းပြန်ဖြစ်တဲ့ လူတွေကျတော့ အသိတရားနဲ့မရတော့ဘူး၊ အေၟကာက်တရားနဲ့မှ အလုပ်လုပ်ရတာ အဆင်ပြေတယ်။ ထို့အတွက် နွားများလို ၟကိမ်တို့မှ အလုပ်လုပ်သလို ဖြစ်နေတယ်။ေၟကာက်စရာတွေ့မှေၟကာက်အောင်လုပ်မှေၟကာက်စိတ်ဝင်ပြီး အလုပ်လုပ်တတ်တဲ့ လူတွေကိုတော့ အေၟကာက်တရားနဲ့ပဲ အုပ်ချုပ်ရပါတယ်။ လူတိုင်းမှာ သူနဲ့တန်မယ့် ဒီတရားနှစ်မျိုးထဲက တစ်ခုကို ပိုင်ဆိုင်ၟကတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ၊ ထိကရုံဖြစ်မှုတွေနဲ့၊ ဆန္ဒပြမှုတွေသည် အေၟကာက်တရား လိုလားသော သူတို့၏ လုပ်ရပ်ဖြစ်တယ်။ ဒါကိုရှောင်နိုင်အောင် ၟကဳိးစားၟကပါ။ အသိတရားကသာလျှင် မိမိတစ်ဘ၀လုံးကို ကောင်းအောင်ပြုပြင် ပေးသွားနိုင်ပါတယ်။

အသိတရားနဲ့ လုပ်ရတာ မၟကိုက်ရင် အေၟကာက်တရားကို ရွေးပါ။ လူရယ်လို့ဖြစ်လာရင် ဒီနှစ်ချက်ကိုတော့ လက်ခံရမှာပဲ။ ရှေ့ကလည်း မသွားနိုင်ဘူး။ နောက်ကလည်း မလိုက်နိုင်ဘူး၊ ကန့်လန့်ကန့်လန့်နဲ့ နှောက်ယှက်နေမယ်ဆိုရင်တော့ အသင့်တော်ဆုံးတရားက အေၟကာက်တရားပဲ ဖြစ်ပါတယ်။ ထို့ေၟကာင့် အဲလိုလူမျိုးတွေသည် အမြဲတမ်း စိုးရိမ်ပူပင်သောကတွေနဲ့ ဘ၀ကို နိဂုံးချုပ်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာက တိုးတက်အောင်လုပ်တဲ့ နေရာမှာ နည်းလမ်းပေါင်းစုံရှိတယ်။ ဒီနည်းလမ်းမၟကိုက်ရင် နောက်တစ်နည်းရှာပါ၊ အဲဒီ တခြားနည်းနဲ့ ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာကိုသာ သေချာစဉ်းစားၟကပါ။ အပေါ်မှာပြောခဲ့သော အေၟကာင်းအရာတွေကို စပ်လျဉ်းပြီး ဘယ်အရာကောင်းသလဲ ဘယ်အရာမကောင်းသလဲ သုံးသပ်ၟကည့်ပါ။ အပေါ်ယံမြင်ၟကည့်မယ်ဆိုရင် မကောင်းတဲ့လူက ကောင်းတဲ့လူကို အမြဲနိုင်တယ်… အဲဒီမကောင်းတဲ့လူက အကုသိုလ်ကိုတော့ မနိုင်ပါဘူး…။ ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက် အမှားတွေကို ထပ်ဆင့်ကမ်းနေတဲ့လူတွေနဲ့ အမှန်တကယ် အရောင်ဆိုးသူတွေကို ဖယ်ရှားသင့်တယ်လို့ ဆန္ဒပြုရင်း…………………။

NPNG(myanmar)P

 
RSS FeedRSS Subscription!
Follow me!Follow me!