Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Saturday, June 11, 2011

NPNG မျိုးချစ်အယ်ဒီတာကိုစေ နှင့် ရင်ထဲကစကားလုံးတွေ ဖွင့်ဟပြောဆိုဖို့ စောင့်နေခဲ့တဲ့ ဧရာဝတီကိုကျော်ကြီးတို့၏ ဆွေးနွေးချက်

ကိုစေ: ဟိုင်း

မင်္ဂလာပါကိုကျော်ကြီး။

ကိုကျော်ကြီး: မင်္ဂလာပါ

ကိုစေ: မြန်မာနိုင်ငံနှင့် ပတ်သတ်ပြီး ဆွေးနွေးချင်လို့ပါ။

ကိုကျော်ကြီး: ရပါတယ်…။

ကိုစေ :ဟုတ်ကဲ့ ဒါဆို ကျွန်တော်မေးခွန်းလေးတွေ မေးချင်ပါတယ်။

ကိုကျော်ကြီး : မေးလို့ရပါတယ်။

ကိုစေ: နံပါတ်(၁) မေးခွန်းကို ကျွန်တော် မေးကြည့်ချင်ပါတယ် အဲဒါက မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လိုမြင်ပါသလဲ...(လက်ရှိအချိန်မှာပေါ့)

ကိုကျော်ကြီး: ဘယ်လို မြင်လဲ ဆိုတော့ အခုအခါမှာ မြန်မာနိုင်ငံက စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် ဦးတည်ပြီး သွားနေတယ်လို့ မြင်ပါတယ်၊ ကြိုးစားပြီး လုပ်ဆောင်နေကြတယ်လို့ မြင်ပါတယ်

ကိုစေ: ဒါဆို ကိုကျော်ကြီးအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင် ဆောင်ရွှက်နေတယ်ဆိုတာ သံသယမရှိယုံကြည်တာပေါ့...

ကိုကျော်ကြီး: ယုံကြည်ပါတယ်ခင်ဗျာ ဘာလို့လဲဆို အရင်တုန်းက တင်းကျပ်နေတဲ့ စည်းမျဉ်း လျှော့ပေါ့ ပေးတယ် ဥပမာ စာပေလွတ်လပ်ခွင့်တို့ ဘာတို့ပေါ့ အရင်ကထက် စာရင် ပိုပြီး ပွင့်လင်းမြင်သာလာပြီလို့ ယုံကြည်ပါတယ် ဒီမိုကရေစီ ဆိုတာကလဲ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူးဆိုတော့ ကျွန်တော် တို့ အားလုံးဝိုင်းဝန်း လုပ်ဆောင် ကြရမှာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ခံယူပါတယ်

ကိုစေ: ဟုတ်ကဲ့ပါ ဒီမေးခွန်းအတွက် ကိုကျော်ကြီးကို ကျေးဇူးတင်ပါတယ်

ကိုစေ : နောက်ထပ် မေးခွန်းတစ်ခု ဆက်မေးအုံးမယ်ဗျ လူ့အခွင့်အရေး ချိုးဖောက်ထားတယ်ဆိုပြီး အနောက်နိုင်ငံတွေနှင့် နိုင်ငံရေးသမားတွေ၏ စွပ်စွဲချက်တွေကို ကိုကျော်ကြီးအနေနဲ့ ၁၀၀ % မှန်တယ်လို့ထင်ပါသလား…(သို့မဟုတ်) မှားနေတယ်လို့ထင်ပါသလား

ကိုကျော်ကြီး: Connection ကျ သွားလို့ဗျာ

ကိုစေ : သြော် ဟုတ်ကဲ့ ရပါတယ်

ကိုကျော်ကြီး: မြန်မာနိုင်ငံကို လူ့အခွင့်အရေး ဖောက်ဖျက်တဲ့ နိုင်ငံလို့ အနောက်နိုင်ငံက ပြောနေကြတဲ့ စွပ်စွဲ ချက်နဲ ပတ်သက်ပြီး ကွှန်တော့်အနေနဲ့ ပြောချင်ပါတယ် ဒီနေ့ ခေတ် ဘယ်နိုင်ငံမဆို ဒီမိုကရေစီ ကျင့်စဉ်ကို ၁၀၀% လိုက်ပါ လုပ်ဆောင်နိုင်တဲ့ နိုင်ငံရယ်လို့ မရှီပါဘူး တစ်ခုမဟုတ်တစ်ခုကတော့ လစ်ဟာ နေတာတွေ ရှိပါတယ် အမြဲတမ်း အဘက်ဘက်က ပြည့်စုံနေတဲ့ သူရယ်လို့ မရှိသလိုပဲပေါ့ အနောက် အုပ်စုတွေ အနေနဲ့ အာဖဂန် စစ်မြေပြင်မှာ အီရတ်စစ်မြေ ပြင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု့တွေ၊ အနောက် အုပ်စုတွေအနေနဲ့ သူနဲ့ တည့်တဲ့ နိုင်ငံ သူ့ကို ထောက်ခံတဲ့ နိုင်ငံဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှု့တွေ ဘယ်လောက် ရှိရှိ မပြောပေမယ့် မြန်မာနိုင်ငံလို အနောက်အုပ်စု သြဇာ မလွှမ်းနိုင်တဲ့ နိုင်ငံမျိုးကျတော့ ရည်ရွယ်ချက် ရှိရှိ နဲ့ နိုင်ငံရေး မတည်မငြိမ် ဖြစ်အောင် သွေးထိုး လှုံ့ဆော်တဲ့ အနေနဲ့ သုံးတဲ့ စွပ်စွဲ ချက် တစ်ရက်အနေနဲ့ ပဲ လက်ခံပါတယ်။

ကိုစေ: ဟုတ်ကဲ့ ကိုကျော်ကြီးအမြင်က နည်းလမ်းကျပါတယ်... ဒါကိုလည်း ယနေ့ကမ္ဘာမှာ ကျွန်တော်တို့ မြင်တွေ့နေရတာပါပဲ

ဒီမေးခွန်းအတွက် ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ် နောက်တစ်ခုထပ်မေးတာပေါ့ဗျာ။

ကိုကျော်ကြီး: ဟုတ်ကဲ့မေးပါခင်ဗျာ ကိုစေ

ကိုစေ: အခုအပေါ်မှာ ပြောသွားတဲ့ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး အနောက်အုပ်စုတွေက ၀ိုင်းဝန်းပိတ်ဆို့ထားတာ ရှိပါတယ်... ဒီအတွက် ကိုကျော်ကြီးအနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ ထားမှုကိုရော ဘယ်လိုသဘောရပါသလဲ....။

ကိုကျော်ကြီး: မြန်မာနိုင်ငံ စီးပွါးေ၇း ပိတ်ဆို့ခံရတာနဲ့ ပတ်သက်ပြီး ကျွန်တော့် အမြင်လေး ပြောရရင် အောက်ခြေတန်းစား ပြည်သူတွေအတွက် အရမ်းကို နစ်နာတယ်လို့ မြင်ပါတယ် အနောက်အုပ်စုတွေ ပြောသလို အစိုးရက ဒဏ်ခတ်ပိတ်ဆို့ တယ် မြန်မာနိုင်ငံ က စီးပွါးရေးသမားတွေကို ပိတ်ဆို့တယ်ဆိုပေမယ့် တကယ်တမ်းခံရတော့ ပြည်သူတွေ အောက်ခြေ လက်လုပ် လက်စား တွေ ခံရတာပါပဲ စီးပွါးရေး ပိတ်ဆို့ထားတော့ မြန်မာ့ ကုန်စည်တွေ အနေနဲ့ ရောင်းရဖို့ နိုင်ငံ က ပတ်ဝန်းကျင် နိုင်ငံလေးတွေပဲ ရှိတယ် နိုင်ငံ နည်းတယ် အပြိုင် အဆိုင် စနစ် မရှိဘူး ပေါ့ဗျာ အဲဒီ အတွက် တစ်ရာ တန်တဲ့ ပစ္စည်းတစ်ခုကို ရောင်းမယ် ဆိုရင် ဝယ် တဲ့ သူက နည်းတော့ ရ သင့်သလောက် မရဘူး တကယ်လို့ စီးပွါးရေးသာ ဖွင့်ထားမယ်ဆိုရင် ဈေးပိုပြီး ပေးနိုင်တဲ့ သူကို ကွှန်တော်တို့ေ၇ာင်းမှာပေါ့ ၁၀၀ တန်တဲ့ ပစ္စည်းတစ်ခုဟာ ၁၀၀၀ လဲ ဖြစ်နိုင်တာပေါ့ အဲဒီအတွက် ငါးလုပ်တဲ့ ငါးလုပ်သားကြီးတွေဆိုလဲ ဒိုင်တွေမှာ အမြတ်တွေ ပိုရမယ် လယ်သမားတွေ ဆိုလဲ စပါးတွေ ပိုက်ဆံပိုရမယ် လက်လုပ် လက်စား သမားတွေဆိုလဲ စက်ရုံတွေ ကုန်ဒိုင်တွေက သူတို့ အမြတ် ပိုများများ ရတော့ အလုပ် သမားတွေကိုလဲ ဝန်ထမ်း လစာတွေ များများ ပိုပေးနိုင်မယ် ဒါကြောင့် စီးပွါးရေး ပိတ်ဆို့ထားမှု့ကို ကျွန်တော့်အနေနဲ့ လူသားချင်း မစာနာတဲ့ လုပ်ရပ်လို့ မြင်ပါတယ် ။

ကိုစေ: ကိုကျော်ကြီး အဖြေက ကောင်းပါတယ်ဗျာ... တကယ့်ပြည်သူတစ်ယောက်ရဲ့ ဆန္ဒတွေကို ကိုယ်စား ပြောနေသလိုပါပဲ... ဒါဆို ကျွန်တော်တို့ နိုင်ငံမတိုးတက်တာ စီးပွားရေးပိတ်ဆို့ ခံထားရမှုမှာလည်း အများကြီး မူတည်တယ်ဆိုတဲ့ သဘောလား ကိုကျော်ကြီး

ကိုကျော်ကြီး: ကျွန်တော်ကတော့ အဲလိုပဲ မြင်ပါတယ်

ကိုစေ: ဟုတ်ကဲ့

စီးပွားရေး ပိတ်ဆို့မှုတွေကို လုပ်ပေးဖို့ တောင်းဆိုဖူးတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော ကိုကျော်ကြီး အနေနဲ့ ပြည်သူတွေအတွက် ကြည့်ပေးခဲ့တယ် ဒီမိုကရေစီရအောင်လုပ်ခဲ့တယ်လို့ထင်သလား... ဒါမှမဟုတ် အဲလိုပိတ်ဆို့မှုက ပြည်သူတွေကို ကျဉ်းထဲကြပ်ထဲကျရောက်သွားစေတာလား....။

ကိုကျော်ကြီး: ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ဖခင် ကြီးရဲ့ သမီးမို့ လေးစားပါတယ် ဒီထက် မပိုပါဘူး ဒေါ်စုကြည် အနေနဲ့ ဘယ်လိုတွေးတယ်တော့ ကျွန်တော် မပြောတတ်ဘူး မြန်မာနိုင်ငံကို စီးပွါးေ၇း ပိတ်ဆို့ဖို့ NLD အနေနဲ့ တောင်းဆိုတာ၊ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ မလာဖို့ တောင်းဆိုတာ ဟာ ပြောရရင် မြန်မာနိုင်ငံကို ဆင်းရဲတွင်း ပိုနက်အောင် လုပ်နေသလို ပဲ သူ့အနေနဲ့ အာဏာရဖို့ တစ်ခုတည်း အတွက်နဲ့ ပြည်သူတွေကို ချနင်းနေတယ်လို့ မြင်ပါတယ် တကယ်တမ်းတော့ ရှင်းရှင်းပြောရရင် အရေးကြီးဆုံး က ပြည်သူတွေ ချောင်လည်ဖို့ပါ ဒေါ်စုကြည် အနေနဲ့ နိုင်ငံကို ချစ်တယ် ပြည်သူတွေ ချစ်တယ်ဆိုရင် ပုဂ္ဂိုလ်ရေး အာဃာတတွေ အာဏာတွေ ကို မကြည့်ပဲ မြန်မာ ပြည်သူတွေ ချောင်လည်ဖို့ စီးပွါးရေး အဆင်ပြေဖို့ ဝိုင်းဝန်း ကူညီပြီး စီးပွါးပိတ်ဆို့မှု့တွေ ဖွင့်ပေးဖို့ တောင်းဆို သင့်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

ကိုစေ: ဟုတ်ကဲ့ ဒီအဖြေကို ကျွန်တော်လည်း နှစ်သက်သဘောကျမိပါတယ်။ နောက်တစ်ခုက ဟိုတလောက မီဒီယာတွေမှာ ပွသွားတဲ့သတင်းတစ်ခုရှိပါတယ် ကုလသမ္မဂမှာ ဦးသန့်အတွင်းရေးမှုးချုပ်ဖြစ်ခဲ့လို့ ကျွန်တော်တို့ဂုဏ်ယူနိုင်ခဲ့တယ်။ မြန်မာဆိုတာက ဂုဏ်ယူစရာကိုရှာကျန်ယူတတ်ကြပါတယ်…။ ယခုအာဆီယံမှာ ဦးသိန်းစိန် ဥက္ကဌဖြစ်မယ်ဆိုတော့ နိုင်ငံရေးသမားတွေက ရှုံ့ချကြပါတယ်…ကိုကျော်ကြီးအနေနဲ့ရော အဲဒါကို ဘယ်လိုသဘောရသလဲ…။

မီဒီယာတွေက နိုင်ငံရေးအတွက် လုပ်တဲ့လူတွေဆိုရင် vote ပေးကြပါ ဆိုပြီး မေးတွေကနေ တဆင့်တောင်းဆိုတာတွေရှိပါတယ်... မြန်မာမို့လို့ ဥပမာ ဝေနှင်းပွင့်သုန်တို့ ကိစ္စမျိုးတွေက စလို့ပေါ့... အခုကိုယ့်မြန်မာနိုင်ငံက ဒီအာဆီယံနိုင်ငံမှာ ဥက္ကဌဖြစ်ဖို့ကျတော့ မတန်ဘူး... မဖြစ်သင့်ဘူးလို့ ပြောနေတာတွေကို မှန်တယ်လို့ ထင်သလား...

ကိုကျော်ကြီး: ကျွန်တော် တော်တော် အံ့သြမိတယ် မြန်မာလူမျီုးတွေ အနေနဲ့ သူထက်သာ မနာလို့ တဲ့ စိတ်မျိုး ဘာလို့ ရှီနေတာလဲ အင်္ဂလိပ် လက်အောက်မှာ နှစ် ၁၀၀ လောက်နေရလို့များလား ? ငါ မင်းသားမလုပ်ရတာနဲ့ ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ စိတ်ဓါတ်မျိုးဟာ အဆင့်အတန်းတော်တော် နိမ့်ပါတယ်။ ဦးသန့် ကုလမှာ တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်း မြန်မာနိုင်ငံလေးမှာ ဒီလိုမျီုး အရည်အချင်းရှိတဲ့ သူတွေရှိပါလားဆိုပြီး ကမ္ဘာ့အလယ် မှာ ရင်ကော့နိုင်တယ် ဂုဏ်ယူရတယ်။ အခု မြန်မာနိုင်ငံ သမ္မတ ဦးသိန်စိန် အာဆီယံမှာ ဥက္ကဌ ဖြစ်ရင် ဒေသတွင်း နိုင်ငံတွေမှာ သြဇာ ကြီးနိုင်မယ် စီးပွါးရေး ကူးသန်းရောင်းဝယ်မှု့တွေ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ ဆင်းရဲ မှု့လျှော့ချရေးတွေ ဒီထက်ပိုပြီးလုပ်နိုင်မှာပါ် အရင်တစ်ခါတုန်းက လဲ အလှည့်ကျ ဥက္ကဌနဲ့ လွဲခဲံ့တဲ့ မြန်မာနိုင်ငံအတွက် ဒီတစ်ခါ ဥက္ကဌဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။

ကိုစေ: ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မီဒီယာတွေ အလုပ်လုပ်နေတာ ပြည်သူတွေအတွက် မျှတမှုမရှိဘူးလို့ ထင်မိပါတယ်... ဘာကြောင့်လဲဆိုတော့ မုန်းတီးရေးဝါဒကိုသာ ဖိအားပေး ရေးသားနေတာတွေ့ရပါတယ်... နောက်ပြီး လိမ်လည်ရေးသားတာကိုလည်း တွေ့ရပါတယ်။ ဥပမာ ပြီးခဲ့တစ်ရက်နှစ်ရက်မှာ ၂၀၀၃ မှာဖြစ်သွားတဲ့ ဒီပဲယင်းအရေးအခင်းနဲ့ ပတ်သတ်ပြီး လက်နက်ကိုင်ပြီး(တုတ်၊ဓါး) ဒေါ်အောင်ဆန်းစုကြည်ကို ရန်ရှာသူပေါင်း ၅၀၀၀ လောက်ရှိတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်... ဒီသတင်းတွေကို ကြည့်ခြင်းအားဖြင့် ဘယ်လောက်ထိ ပြည်သူတွေအပေါ် လိမ်လည်ရေးသားနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်... ဒီမီဒီယာတွေနဲ့ ပတ်သတ်ပြီးရော ကိုကျော်ကြီးအနေဖြင့် ပြည်သူတွေကိုယ်စား ဘယ်လို ပြန်ကြားချက်ပေးချင်ပါသလဲ...။

ကိုကျော်ကြီး: ကျွန်တော့်အမြင်လေး ပြောရရင် ပြည်ပ မီဒီယာတွေဆိုတာကလဲ အနောက် နိုင်ငံတွေရဲ့ လက်ကိုင် တုတ် အနေနဲ့ ရေးသားဖေါ်ပြ နေတာပါ ဘာလို့လဲဆိုရင် အနောက်အုပ်စုနဲ့ သင့်မြတ်တဲ့ နိုင်ငံတွေအကြောင်းဆိုရင် သတင်းအမှောင် ချထားပြီး မသင့်မြတ်တဲ့ နိုင်ငံတွေ အကြောင်းကိုသာ သတင်းေ၇ာ အတင်းရော အပိုတွေရော ရောထွေးပြီး နိုင်ငံရေး သပ်ဝင်မှု့ တစ်ခုအနေနဲ့ မီဒီယာနဲ့ တိုက်ခိုက်နေတယ်လို့ မြင်ပါတယ်။ ပြည်သူတွေရဲ့ အနေနဲ့ ဒီလို ပြည်ပ နိုင်ငံတွေရဲ့ နိုင်ငံရေး အရ ဝင်ရောက်စွက်ဖက် မှု့တွေ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သတင်းတွေကို ရေးသားတိုင်း မယုံပဲ ကိုယ်ဦ့းနှောက်နဲ့ကိုယ် စဉ်းစားဆုံးဖြတ် စေချင်ပါတယ် မြန်မာ စကားပုံမှာတောင် ကိုယ့်ဒူးတောင် ကိုယ်မယုံရဘူးဆိုတဲ့ စကားရှိနေတာပဲ နိုင်ငဲံခြားမီဒီယာ တစ်ခုက မြန်မာ့အရေး မြန်မာ ကောင်းစားဖို့ လို့အသံကောင်းလွှ့င့်နေတာဟာ ရယ်စရာဖြစ်နေပါတယ်။

ကိုစေ: နောက်ထပ်တစ်ခုက တပ်မတော်အုပ်ချုပ်ခဲ့တဲ့ အတိုင်းအတာ ကာလမှာ ပြုပြင်ပြောင်းမှုရှိမရှိ၊ ရှိခဲ့တာတွေကို ခင်ဗျားအနေနဲ့ ၀မ်းသာမလား ဒါမှမဟုတ် ပြည်ပအတိုက်အခံတွေ ပြောနေကြစကားတိုင်း အဲဒါတွေလုပ်ပေးမှ နိုင်ငံတိုးတက်တာ မဟုတ်ဘူးလို့ ပြောမှာလား… အကယ်၍ မရှိခဲ့တာတွေကို ရှေးရှုပြောနိုင်ပါသေးတယ်။

ဒီမေးခွန်းလေးပြီးရင် နောက်ထပ် နှစ်ခုလောက်ဆိုရင် အဆုံးသတ်ပါမယ် ကိုကျော်ကြီး..

ကိုကျော်ကြီး: ဟုတ်ကဲ့ပါ ဗျာ ကိုစေ

ကိုကျော်ကြီး: တပ်မတော် အုပ်ချုပ်ခဲ့စဉ်က တပ်မတော် အကြိးအကဲတွေ အနေနဲ့ လမ်းတွေ ဖေါက်တယ် တံတားတွေ ဆောက်တယ် ကျွန်တော်တို့ ဒေသဆိုရင် ဟိုးအရင်က ရန်ကုန် ကို သွားဖို့ လမ်းမှာ ညအိပ်ပြီး သွားရတယ် အခုဆိုရင် ကားလမ်းတွေ ရှိလာ တံတားတွေ ဆောက်ပေးတဲ့အတွက် နေချင်းပြန် သွားလို့ ရတယ် ပုပ်လွယ်တဲ့ သိုးလွယ်တဲ့ ဟင်းသီးဟင်းရွက်တွေ အနေနဲ့ ဆိုရင်လဲ နေခြင်း အရောက်ပို့နိုင်တယ် ဒါဟာ ကောင်းတဲ့ အချက်တွေပါ ကျွန်တော့် အဘိုးဆို ဟိုးအရင်တုန်းက သူတို့တုန်းက မရှိခဲ့တဲ့ လမ်းတွေ တံတားတွေ ရှိလာတဲ့ အတွက် သူဆို ဝမ်းသာတယ်လို့ ခဏခဏ ပြောတယ် ကျန်းမာရေး စောင့်ရှောက်မှု့အနေနဲ့ ဆေးခန်းတွေ ဆေးရုံတွေ ဆောက်ပေးတာ ပညာရေးအတွက် ကျောင်းတွေ ဆောက်ပေးတာ ဒါဟာ နိုင်ငံတော်အတွက် မရှိမဖြစ်တဲ့ အခြေခံ အဆောက် အဦးတွေပါ ကျွန်တော်ကတော့ ဝမ်းသာပါတယ် ဒီလို အခြေခံ အဆောက်အဦးတွေ လမ်းတွေ တံတားတွေ ကျောင်းတွေ ဆေးရုံတွေ ရှိလာတာ ဟာလဲ နိုင်ငံတော် တိုးတွက်ဖို့အတွက် ပြည်သူတွေ အဆင့်အတန်းမြင့်ဖို့အတွက် အဓိကလိုအပ်ချက်တွေလို့ ကျွန်တော် မြင်ပါတယ် ခင်ဗျာ။

ကိုစေ : ဟုတ်ကဲ့ တန်ဖိုးသိမှ တန်ဖိုးရှိကြတာဆိုတော့ ဒီတန်ဖိုးတွေကို သိဖို့ ကိုကျော်ကြီးအခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..

ကိုကျော်ကြီး: ဟုတ်ကဲ့ပါဗျာ ကိုစေ ရင်ထဲမှာ ပြောချင်နေတာ ကြာပါပြီ အခုလို့ ပြောခွင့်ရတဲ့အတွက် ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်

ကိုစေ : တရားဝင်ခန့်အပ်ထားတဲ့ နိုင်ငံတော်အစိုးရ သမ္မတဦးသိန်းစိန်အပေါ်ကို ဘယ်လိုသဘောထား ရှိပါသလဲ… ပြည်သူတစ်ယောက်ရဲ့ နှလုံးသားစစ်နှင့် ဖြေပေးမယ့် ကိုကျော်ကြီး အဖြေကို ဖွင့်ဟပေးပါအုံး။

ကိုကျော်ကြီး: ဟုတ်ကဲ့ပါခင်ဗျာ ဟိုးအရင်ကဆို ဒီမိုကရေစီ ဆိုတာ ဘာမှန်းမသိခဲ့ဘူး ဒီမိုကရေစီဆိုတာ မဲမဲကြီင်္းလားဖြူဖြူကြီးလား မသိခဲ့ပါဘူး အစတုန်းက ထင်မိတာက ဒီမိုကရေစိ ၇ရင် ချက်ချင်းပဲ ချမ်းသာတော့မလား အဲလိုမျိုးထင်မိပါတယ် :) အဲဒီအတွက် ကျွန်တော် တိှု့ မြန်မာနိုင်ငံကြီး ဒီမိုကရေစီ ရတော့မယ် ရွေးကောက်ပွဲတွေ လုပ်နေပြီဆိုတော့ ပျော်မိတယ် နောက်ပိုင်းမှာ ရွေးကောက်ပွဲကြီး ပြီးသွားပြီ သမ္မတ ဒုသမ္မတ တွေ ကြေငြာတော့ ဦးသိန်းစိန်က သမ္မတ ဒုသမ္မတတွေထဲမှာ သီဟသူရ ဦးတင်အောင်မြင့်ဦး ပြီးတော့ တိုင်းရင်းသားထဲက ဒေါက်တာ စိုင်းမောက်ခမ်း ။ ဦးသိန်းစိန် သမ္မတ အရွေးခံရတော့ သူ့အကြောင်းတွေ ရှာဖတ်ကြည့် တယ် သူက စစ်တပ်မှာ ရာထူးကြီးကြီး နဲ့ ဝန်းကြီးချုပ်တာဝန် ယူခဲ့တယ် အာဆီယံနိုင်ငံတွေမှာလဲ ဝင်ဆံ့တယ် အပြစ်ပြောစရာဆိုလဲ ကြီးကြီးမားမားမရှိဘူး အရည်အချင်းရှိတယ် သမ္မကြီး ဦးသိန်းစိန် အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် တင်ပေးနိုင်မယ့် ခေါင်းဆောင် တစ်ယောက်လို့ ယုံကြည်ပါတယ် ။

ကိုစေ : ဟုတ်ကဲ့ ဒီယုံကြည်ချက်ကို အကောင်ထည်ဖော်နိုင်ပါစေလို့လည်း ဆုတောင်းပြုပါတယ်။

ကိုကျော်ကြီး: ကျွန်တော်လဲ ဆုတောင်းပါတယ်ဗျာ

ကိုစေ: နောက်ဆုံးမေးမြန်းချင်တာက ကိုကျော်ကြီးရဲ့ အမြင်တစ်ခုထဲကိုပဲ ရှေ့တည့်တည့် ဖြေပေးစေချင်ပါတယ်။ ယနေ့ (11.6.2011) မြန်မာနိုင်ငံသည် နိုင်ငံရေးသမားတွေ ရေးနေကြသလို ပျက်စီးနေတယ်လို့ ထင်ပါသလား… တိုးတက်ပြောင်းလဲ ခဲ့ပါပြီးလို့ ထင်သလား… ဒီမေးခွန်းလေးပြီးရင်တော့ ကျွန်တော်တို့ တစ်ခန်းရပ်ကြတာပေါ့ဗျာ…။

ကိုကျော်ကြီး: ကျွန်တော့် အနေနဲ့ ကတော့ မြန်မာ နိုင်ငံ ပျက်စီးတယ်ဆိုတာတော့ လက်မခံပါဘူး ကျွန်တော်တို့ ဒီမှာလဲ ပုံမှန်လှုပ် ရှားသွားလာနေကြတာပါပဲ အေးအေးဆေးဆေးပါပဲ ကျေးရွာတွေ မှာ အခုဆို လမ်းမီးတွေ ဆိုင်ကယ်တွေ တစ်ဝီဝီ နဲ့ အရင်လို မဟုတ်ကြတော့ပါဘူး အရင်တုန်း လှည်းသွားတဲ့ လမ်းတွေမှာ ကားတွေ မောင်းနေကြပါပြီ အရင်တုန်းက နွားနဲ့ လယ်ထွန်တဲ့ လယ်သမားတွေလဲ လည်ထွန်စက်တွေနဲ့ ဖြစ်ကုန်ကြပါပြီ အရင်တုန်းက မြို့နဲ့တောနဲ့ ကွာခြားပေမယ့် အခုဆို မြို့နဲ့တောနဲ့သိပ်မကွာတော့ပါဘူး အသိပညာတွေ တိုးတက်လာကြပါပြီ ဒါကို ပျက်စီးနေတယ်လို့ ပြောတာကို တော့ ကျွန်တော် တော်တော် ရယ်ချင်ပါတယ် မြန်မာနိုင်ငံကို တစ်ခေါက်လာ ကြည့်လှည့်ပါလို့ပဲ ကျွန်တော် ကတော့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ ။

ကိုစေ : အခုလို ဖြေကြားပေးတဲ့ ကိုကျော်ကြီး(ဧရာဝတီ)ကို အထူးကျေးဇူးတင်ပါတယ်

ကျွန်တော်ကတော့ NPNG ကအယ်ဒီတာ ကိုစေ ဖြစ်ပါတယ်။

ကိုကျော်ကြီး: ဟုတ်ကဲ့ပါ ကျွန်တော်ကလဲ NPNG ကအယ်ဒီတာ ကိုစေ ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ

ကိုစေ : မီဒီယာတွေက အပြစ်တစ်ခုခုကြောင့် နိုင်ငံတော်ကို မျက်မုန်းကျိုးနေသူကိုသာ လိုက်လံမေးမြန်းထားတာကို တွေ့ရပြီး အခုလို မျိုးချစ်စိတ်ဓာတ်ရှိပြီး နိုင်ငံတော် ကောင်းရာကောင်းကျိုးနှင့် ရှေ့နောက် ပြုပြင်ပြောင်းလဲတိုးတက်လာတာတွေကို မျက်ကွယ်မပြုပဲ ဖြေကြားသွားတဲ့ ကိုကျော်ကြီးတို့လို ပြည်သူတွေကိုလည်း မေးမြန်းဖို့ လိုအပ်ကြောင်း NPNG မှဖော်ထုတ်ခဲ့ပါပြီး။ ဘယ်လိုပဲဖြစ်ဖြစ် NPNG မှာဖော်ပြထားတဲ့ မှန်ကန်တဲ့ လမ်းကြောင်းပိုင်ဆိုင်သူများ ခရီးဆက်ဆိုတဲ့အတိုင်း ကျွန်တော့်တို့ မြန်မာနိုင်ငံသည် မှန်ကန်စွာဖြင့် ရှေ့သို့ခရီးဆက်နေကြပါပြီး...

ကိုစေ :ကိုကျော်ကြီးရေ... ဒီဆွေးနွေးမှုလေးကို ကျွန်တော်တို့ ပြည်သူတွေ အားလုံးသိရအောင် NPNG ကနေ ဖော်ပြပေးဖို့ကိုလည်း ခွင့်တောင်းပါတယ်ဗျာ...။

ကိုကျော်ကြီး: ဟုတ်ကဲ့ပါ ရပါတယ် ခင်ဗျာ ကိုစေ ကျွန်တော်ကလဲ အခုလို ရင်ဖွင့် ချင်တာပါ အားလုံးကို အမှန်မြင်ပြီး နိုင်ငံတော် စည်းစည်းလုံးလုံးနဲ့ တိုးတက် တာပဲ ဖြစ်စေချင်တာပါ။

ကိုစေး ကျေးဇူးတင်ပါတယ်။

(ထောင်ဒဏ်ကျခံသူတို့၏ ပြန်ပြောသောစကားများကို ကြားရ၍စိတ်မကောင်းဖြစ်မိပါသည်။ လောကမှာ မလုပ်နဲ့ဆိုတာကို မလုပ်ပါနဲ့ လုပ်လို့ အပြစ်ခံရရင် ကျေနပ်စွာ ခံယူပါ။ မခံချင်လျှင် အစကတည်းက မလုပ်ပါနဲ့။ ဘယ်သူ့အတွက်ပဲလုပ်လုပ် ကိုယ်ခံရတဲ့အချိန်မှာ အတင်းသဘောမျိုးနဲ့ မျက်မုန်းမကျိုးဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံမှာ လူဦးရေး သန်းပေါင်း ၄၇ သန်းကျော်ရှိပါတယ်။ နာဂစ်ကြောင့် သေကြေသူအပေါင်းဖယ်ရှားပြီး ပြုစုထားသော စာရင်းအရ သိရသည်။ လူတိုင်းထောင်မကျခဲ့ပါဘူး။ ထောင်ဆိုသည်မှာ အပြစ်ပေးခြင်းဖြစ်သည်။ ဝေးလံသောအရပ်ဒေသတွေ ဆိုးဝါးကြမ်းတမ်းသော နေရာတွေမှာ ထောင်သားတွေအပြင် ၀န်ထမ်းတွေပါ တာဝန်ထမ်းဆောင်ရတာပါ။ ဒီလိုမှမဟုတ် အေးချမ်းနေရမယ်… လျှော့လျှော့ပေါ့ပေါ့လေးနဲ့ ဇိမ်ခံရမယ်ဆိုရင် အဲဒီထောင်ထဲကို ၄၇ သန်းလုံးလုံး သွားချင်ကြမှာပဲ။ သေချာစဉ်းစားကြပါ။ မီဒီယာတွေမှာ ထိုးနှက်ချက် မျိုးစုံနဲ့ ဘယ်လိုပဲအကောင်အထည်တွေ ဖော်ဖော်ပါ။ ပါးစပ်ပြောနေတဲ့ ရည်ရွယ်ချက်ရှိတယ် ဘယ်လိုပြောပြော ပြည်သူထဲက အခုလို ကိုကျော်ကြီး(ဧရာဝတီ) တို့လို လူတွေကိုလည်း မေးမြန်းသင့်ပါတယ်။ ဒါမျိုးတွေကျတော့ မမေးမြန်းပဲ စုတ်ပြတ်သတ်တာတွေ၊ အကျင့်စာရိတ္တပျက်ပြားနေတာတွေကို အားပေးအားမြှောက်ပြုလုပ်ရင်းနဲ့ ခရီးဆက်နေမယ်ဆိုရင်တော့ ဒီထက်မွဲပြားကျဖို့ပဲ ကျန်တော့တယ်။ ထို့အပြင်ဒီအခြေအနေပတ်သတ်ပြီးတော့ဘာရည်ရွယ်ချက်နဲ့ ပြုလုပ်နေသလဲ မေးမြန်နေသလဲဆိုတာ ပေါ်လွင် ထင်ရှားလာပါလိမ့်မယ်။ အခုခေတ်မှာ အရင်ကလို မဟုတ်တော့ပါဘူး။ အကုန်လုံးက အသိမြင်တွေ တိုးတက်နေပါပြီး။ အတိုက်အခံတွေရဲ့ စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ငါတို့ရဲ့(x) ဖြစ်တယ်လို့ ယုံကြည်ထားလဲ ကိစ္စမရှိဘူး။ ဒါပေမယ့် အရင်ကတောင် ဒီပဲယင်းကြီး ဖြစ်ခဲ့သေးတယ်။ ဒေါ်အောင်ဆန်းစုကြည် မျက်နှာတစ်ခုထဲ ကြည့်နေတဲ့လူတွေနဲ့တင် ဒီမိုကရေစီဆိုပြီး အော်မနေသင့်တော့ဘူး။ လူတွင်ကျယ် လုပ်မနေသင့်တော့ဘူး။ ဒီပဲယင်းထက်မကတဲ့ ပြဿနာတွေကို ထပ်မဖြစ်စေချင်တော့လို့ပါ။ လူ့အခွင့်အရေးကို မျှမျှတတ ဖြစ်စေချင်တယ်ဆိုရင် တပ်မတော်မုန်းတီးရေး၊ အစိုးရမုန်းတီးရေးတွေကို ပြောနိုင်တဲ့လူတွေကိုပဲ ရှာကျန်မေးမြန်း မနေသင့်တော့ဘူးလို့ ကိုစေမှ ထပ်လောင်းပြောကြားလိုက်ပါတယ်။)

NPNG(ကိုစေ)

0 comment:

Comment here

သင့်အကြံပြုချက်တွေကို လေးစားစွာ ဖတ်ရှုပေးပါမည်။ ကျေးဇူးတင်ပါသည်။

 
RSS FeedRSS Subscription!
Follow me!Follow me!