Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Wednesday, December 8, 2010

လေးစားခဲ့ရသော သူငယ်ချင်းတစ်ယောက်

ရာသီဥတုအေးချမ်းတဲ့ နေရာတွေဆိုတာ နေလို့ကောင်းတယ်လို့ လူတကာပါးစပ်ဖျားမှာ ပြောလေ့ရှိကြပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့လေးဟာ မြို့ပြအဆင့်အတန်းလည်း ကောင်းတယ်။ ရာသီဥတုကို ကြည့်မယ်ဆိုလည်း အေးချမ်းလှတဲ့အတွက် အပန်းဖြေသူတွေ စိတ်ချမ်းသာစွာ လည်ပတ်နိုင်ဖို့ အဆင်ပြေစေပါတယ်။ မြန်မာပြည်သည် ပူပြင်းတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့အတွက် လူတိုင်းသည် အအေးဓာတ်ကို ခုံမင်နှစ်သက်ကြပါတယ်။ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ပြင်ဦးလွင်၊ မိုးကုတ် စတဲ့မြို့တွေလို လူတွေရဲ့ စိတ်ကို အေးချမ်းမှု ပေးနိုင်တာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သိပ်အများကြီးရှိမယ် မထင်ပါဘူး။

မြစ်ကြီးနားနှင့် ချင်းတောင်တန်းတွေကို မရောက်ဘူးလို့ ရောက်ဖူးချင်တာကလွဲ၍ အချိန်ကြာမြင့်စွာ မနေလိုကြပါ။ ထို့ကြောင့် ဤဒေသများတွင် လူအရောက်အပါက်နည်းပြီး အပန်းဖြေဖို့အတွက် လည်ပတ်ခြင်းမျိုး နည်းပါးလှပါတယ်။ ပူလွန်းတဲ့အတွက် အအေးဓာတ်ကို ကြိုက်ကြတယ်ဆိုပေမယ့် အရမ်းအေးတဲ့ ချင်းတောင်တန်းလို နေရာမျိုးတွေကို အအေးခံဖို့အတွက် မည်သူမှ သွားရောက်မည်မဟုတ်။ အတွေ့အကြုံအရ၊ တာဝန်အရ၊ ဗွီဒီယိုမှတ်တမ်း၊ ရုပ်ရှင်ရိုက်တာကလွဲရင် ကျန်သော ကိစ္စရပ်များအတွက် အလည်ပတ်သွားမည့်သူ နည်းပါလှချေသည်။ ဘာကြောင့်လဲဆိုတော့ အရမ်းအေးတဲ့ ရာသီဥတုတွေ ဖြစ်နေလို့ပါပဲ။ ချင်းပြည်နယ်မှာက နှင်းတွေကျတတ်ပါတယ်။ ရံဖန်ရံခါ ရေခဲတတ်တဲ့အတွက် အမြဲလိုလို အပူချိန်ရနေတဲ့ အောက်ပြည်အောက်ရွာနှင့် အလယ်ပိုင်းသားတွေ အတွက် ကျန်းမာရေး အခက်အခဲ ရှိနိုင်ပါတယ်။

တောင်ကြီးမြို့ နှင့် ပြင်ဦးလွင်မြို့တွေသည် ရာသီဥတုအရ ကြည့်မယ်ဆိုရင် အေးအေးချမ်းချမ်းနဲ့ နေထိုင်လို့ အရမ်းကောင်းပါတယ်။ ဒီအချက်သည် ကျွန်တော်တစ်ယောက်ထဲ ဆုံးဖြတ်ချက် မဟုတ်ပဲ ရောက်ဖူးသူရော၊ မရောက်ဖူးတဲ့သူတွေကပါ သတ်မှတ်ထားခဲ့ကြတာ ယနေ့အချိန်ထိပါပဲ… ထို့အပြင် တောင်ကြီးမြို့ ရွှေညောင်ဘူတာမှ ရွှေညောင်သို့ သွားပြီး… လှေများစီးသွားမယ်ဆိုရင် အင်းလေးဖောင်တော်ဦး ဘုရားသို့ ရောက်ရှိပါမယ်။ ပင်တယဂူတွေအပြင် အခြား အထင်ကရနေရာတွေကိုလည်း သွားနိုင်ပါသေးတယ်။ ပြင်ဦးလွင်မြို့မှာဆိုရင် မဟာအံ့ထူးကံသာဘုရား၊ ပိတ်ချင်းမြှောင်၊ ပွဲကောက်ရေတံခွန်တွေကိုလည်း သွားရောက်လည်ပတ် နိုင်သလို ဘုရားစေတီပုထိုးများအား ဖူးမျှော်ခြင်းများလည်း ပြုလုပ်နိုင်ပါသေးတယ်။

စာရေးသူသည် တောင်ကြီးမြို့မှာ နေဖူး၍ အေးမြတဲ့ရာသီဥတုကို ခံစားဖူးခဲ့သည်။ ထိုစဉ်က ငယ်ရွယ်သော တက်ကြွသော ကျောင်းသားတစ်ယောက်အဖြစ် နေထိုင်ကာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှပေးသော ရာသီဥတု အေးမြမှုနှင့် သဘာဝရှုခင်းသာယာလှပမှု၊ တောင်တန်းတွေနှင့် စေတီပုထိုးများအား ဖူးမျှော်ခွင့်ရခဲပါတယ်။ ထို့အပြင် ဓလေ့ထုံးတမ်း ယဉ်ကျေးမှုနှင့် ပွဲတော်များမှာလည်း ပါဝင်ဆင်နွဲခဲ့ရပါသေးတယ်။ ဤအချိန်တုန်းက စာရေးသူအနေဖြင့် ထူးထူးခြားခြား အမှတ်ရစရာလေးတွေ ရှိခဲ့ပါတယ်။ ၀ါးနှစ်ပြန်သုံးပြန်လောက် မြင့်မားတဲ့ မီးပုံးပျံကြီးတွေကို ပြုလုပ်ပြီး ကျောင်းကထိန်၊ သီတင်းကျွတ်ပွဲနှင့် တန်ဆောင်တိုင်ပွဲတွေမှာ လွတ်ဖူးခဲ့ပါတယ်။ ထို့အပြင် မီးပုံးပျံရိုးရိုး မဟုတ်ပဲ အောက်ခြေတွင် ယမ်များကို အမျိုးမျိုး ပြုလုပ်ထားကာ အလှဖော်ထားကြသည့် အတွဲတစ်တွဲလည်း ပါဝင်သေးသည်။ ၎င်းကို အောက်တွဲဟု ခေါ်ပါသည်။ ပြီးခဲ့တဲ့ တန်ဆောင်တိုင်ကိုလည်း လွမ်းမိပါတယ်။ ဒါကတော့ ကျောင်းနေဘ၀ မှတ်မိတာလေးကို ဒီဇင်ဘာလနှင့် အေးမြမှုကို သတိရမိလို့ ဖော်ပြလိုက်တာပါ။

ကျောင်းနေဘ၀ဆိုတော့ လူတိုင်းကိုယ်စီ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိခဲ့ကြမှာပါ။ အဲဒီအထဲမှာမှ အခင်ဆုံး၊ အချစ်ဆုံး၊ စိတ်သဘောထား အကောင်းဆုံး၊ လေးစားရသော သူငယ်ချင်းတွေဆိုပြီး ပိုင်ဆိုင်ဖူးပါလိမ့်မယ်။ ထို့အပြင် အမုန်းဆုံးလူဆိုတာလည်း ရှိနိုင်ပါသေးတယ်။ ကျွန်တော့်ဘ၀မှာတော့ ကျောင်းသားဘ၀ အမုန်းဆုံးလူရယ်လို့ မရှိခဲ့တဲ့အတွက် ထည့်သွင်းဖော်ပြမည် မဟုတ်ပါ။ ယခုထိလည်း အမုန်းဆုံးဆိုတာ မရှိသေးပါဘူး။ ကြေငြာဝင်တာတော့ မဟုတ်ရပါဘူး….။

ကျောင်းသားဘ၀ ဖြတ်သန်းလာတဲ့အထဲမှာ သူငယ်ချင်းပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးပါတယ်။ လူတန်းစာအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံခဲ့ဖူးပါတယ်။ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းထဲက ရှိသလို၊ စားနိုင်သောက်နိုင် အသိုင်းအ၀ိုင်းအပြင် ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းထဲက လူတွေနဲ့လည်း သူငယ်ချင်း ဖြစ်ခဲ့ကြပါတယ်။ ထူးခြားဆုံးသော အချက်ကတော့ ကျွန်တော်ခုနှစ်တန်းနှစ်မှာ သူငယ်ချင်းတစ်ယောက် အိမ်ဘေးနားကို ပြောင်းလာတာက စပါတယ်။ သူတို့က ညီအစ်ကိုနှစ်ယောက်ဆိုပေမယ့် အကြီးကောင်က စာမေးပွဲကျတာများလို့ အငယ်ကောင်နှင့် တစ်တန်းထဲဖြစ်သွားတယ်။ ကျွန်တော်နဲ့ပါ အတန်းတူသွားတာပေါ့။ နှစ်ယောက်စလုံးကို ခင်မင်ရင်းနှီးစွာ ပေါင်းသင်းခဲ့ပါတယ်။ ဒါပေမယ့် အသက်တူရွယ်တူဖြစ်တဲ့ အငယ်ကောင်နဲ့ ပိုပေါင်းမိတာတော့ အမှန်ပါပဲ။ ကျောင်းမှာတော့ အခန်းမတူကြဘူး။ အိမ်မှာ ဟိုဘက်ဒီဘက်ဆိုတော့ အမြဲတမ်းတွေ့နေကြတယ်။

ကျွန်တော်တို့တွေက စာအတော်ဆုံးထဲမှာလည်း မပါကြဘူး။ အညံ့ဆုံးစာရင်းမှာလည်း မပါဘူး။ ဒါပေမယ့် ရှေ့မရောက်တရောက်ထဲမှာတော့ ပါဝင်နေတယ်။ စာကတော့ လုပ်ကြပါတယ်။ ကျောင်းကပြန်တာနဲ့ ကျူရှင်ကို အတန်းပိုင်ဆရာမဆီမှာ သွားတက်ရပါတယ်။ ကျွန်တော်တို့ သုံးယောက်စလုံး တစ်ဝိုင်းထဲတက်တာပါ။ မနက်ကျောင်းသွားရင် အတူတူသွားလိုက် ပြန်လာရင် ကျူရှင်မှာတွေ့လိုက်၊ ကျောင်းပိတ်ရက်တွေမှာ ခြင်ခတ်၊ ဘောလုံးကန် အတူတူဆိုတော့ ရင်းနှီးမှုလည်း ပိုမိုလာတာပေါ့။ တခါတလေဆို ကျွန်တော်တို့ မီးပုံးပျံကို အတူတူလွတ်ကြတယ်။ တောင်ကြီးမှာက အသီးအနှံတွေပေါတယ်။ ကျွန်တော်တို့ အိမ်ခေါင်းရင်းမှာ ထောပတ်ပင်တစ်ပင်၊ အိမ်ရှေ့မှာတစ်ပင်၊ အိမ်နောက်မှာက မက်မွန်သီးပင်နဲ့ သကြားသီး အပင်တွေရှိတယ်။ မှတ်မိတာကတော့ နေကြာပင်နဲ့ ပြောင်းဖူးပင်ကို ကြိုက်သလိုစိုက် ဖြစ်ထွန်းတယ်။ ညဘက်ဝိုင်းတက်တာဆိုတော့ အရမ်းအေးတယ်။ တခါတလေ စိုက်ခင်းထဲမှာ ပြောင်းဖူးအတူတူ သွားခူးကြတယ်။ မီးလှုံရင်းနဲ့ ပြောင်းဖူးဖုတ် စားကြတာပေါ့။ ဆရာမခြံထဲက သစ်တော်သီး သွားခူးလိုက်ပေါ့။ မျက်နှာပွင့်ချင်ရင်တော့ နှင်းဆီပင်စိုက်… အလေ့ကျတောင် ပေါက်တယ်။ ကောင်မလေးတွေကို ပေးရင်တော့ အဆင်ပိုပြေတာပေါ့ဗျာ…။ ဒါက အကြီးကောင် လုပ်နေကြ အလုပ်မို့ ကျွန်တော်မှတ်မိနေသေးတယ်။ တောင်ကြီးမြို့သည် တကယ့်ကို နေလို့ကောင်းတဲ့ မြို့လေးတစ်မြို့ဆိုတာ စာရေးသူအနေဖြင့် ရဲရဲဝံ့ဝံ့ အာမခံပါတယ်။

စာရေးသူက သိပ်ကြာကြာတော့ မနေခဲ့ရဘူး… တစ်နှစ်ကျော်လောက်သာ နေခဲ့ရတယ်။ အဲဒီတုန်းကတော့ အရာအရာ အမှုမဲ့အမှတ်မဲ့ပေါ့။ ဒါပေမယ့် ရည်ရွယ်ချက် တစ်ခုက သွားတူနေတယ်။ အတန်းတွေကျနေတဲ့ အကြီးကောင်အတွက် ရည်မှန်းချက်က ၁၀ တန်းအောင်ရင် တောင်ကြီးတက္ကသိုလ် တက်ဖို့ပဲ။ ရည်းစားတွေလည်း သူကထားတက်နေပြီးလေ… အပျော်အပါးအတွက် သူကကျွန်တော်တို့ လိုင်းကိုမနှစ်သက်တော့ဘူးပေါ့။ အငယ်ကောင် ၀ါသနာပါတာက စစ်ဗိုလ်။ ၁၀ တန်းပြီးရင် ဗိုလ်သင်တန်း တက်မယ်လို့ သူပြောဖူးပါတယ်။ အမှတ်မထင်ပဲ ကျွန်တော်နဲ့ လေးတန်းလောက်တုန်းက ခင်ခဲ့တဲ့ အကိုတစ်ယောက်က ဗထူးဗိုလ်သင်တန်းကနေ တောင်ကြီးမှာ စစ်ရေးပြဆိုပြီး ရောက်လာပါတယ်။ အိမ်ကိုလာလည်ရင်းနဲ့ သူတို့ဗိုလ်လောင်းတွေ တည်ခိုနေတဲ့ နေရာကို ခေါ်သွားပါတယ်။ အဲဒီမှာစပြီး ကျွန်တော်လည်း ၀ါသနာပါလာခဲ့တယ်။ ၀ါသနာချင်းတူခဲ့တဲ့ ကျွန်တော်နဲ့အငယ်ကောင်တို့ ဘ၀ပေးကံလေးတွေတော့ ကွဲပြားခြားနားခဲ့ကြပါတယ်။ ဒီလိုနဲ့ စာမေးပွဲတွေ ဖြေအပြီးမှာပဲ စာရေးသူရဲ့အိမ်က အောက်ပြည်အောက်ရွာကို တစ်ခါပြန်ပြောင်းလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကြီးကောင်ရော၊ အငယ်ကောင်နဲ့ပါ အဆက်အသွယ် မရှိကြတော့ဘူး။ အထက်တန်းတက်စဆိုတော့ စာထဲစိတ်ရောက်နေတာနဲ့ သူငယ်ချင်းဟောင်းတွေကို မေ့နေခဲ့တယ်။ ၉ တန်း၊ ၁၀ တန်းဆိုတော့လည်း သူငယ်ချင်းသစ်တွေနဲ့ ပေါင်းသင်းမိတာပေါ့။ ဒါနဲ့ပဲ တောင်ကြီးက ဟိုနှစ်ယောက်ကို မေ့နေလေရဲ့။ အသစ်တွေ့တော့ အဟောင်းမေ့ဆိုတာ ဒီလိုနေရာမျိုး သုံးလို့ရမယ်ထင်တယ်။ အတွေးတော့ မချော်ပါနဲ့… အသိစိတ်က မေ့ပစ်လောက်အောင် သတိမရတော့တာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင် မတူတော့လို့ မေ့နေတဲ့ သဘောလောက်ပါပဲလေ။

စာရေးသူ ၁၀ တန်းအောင်တော့ စစ်တက္ကသိုလ်တက်ဖြစ်တယ်။ ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တဲ့ အလုပ်ဆိုတော့ အဆင်ပြေပါတယ်။ ရည်မှန်းချက်တစ်ခု အောင်မြင်တယ်လို့ ဆိုရမှာပေါ့။ အိမ်မှာလည်း ကျောင်းဆင်းပွဲတိုင်း ကြည့်ဖြစ်တယ်။ ဒါပေမယ့် သိပ်တော့ နားမလည်ဘူး။ ကြိုက်တာတော့ ကြိုက်တယ်။ ၀တ်စုံတူညီပြီး စစ်ရေးပြကလည်း ညီညာနေတော့လေ။ စစ်မိန့်သံကလည်း ကောင်းတယ်။ အပြင်မှာ ငယ်ငယ်က အမေရိုက်လို့ အာပြဲကြီးနဲ့ အော်တာက အကျယ်ဆုံးပဲ။ စစ်တက္ကသိုလ်မှာကတော့ နာကျင်မှုမပါပဲနဲ့ ယောင်္ကျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ပညာရပ်အပြင် အသံနေအသံထားပါ အောင်လာခဲ့တယ်။ အပြင်မှာနေရင် အဲလိုအသံမျိုး အော်ဖို့ဆိုတာ ကိုယ်ကအဆိုတော်လည်း ဖြစ်မယ့်ရုပ် မဟုတ်ဘူးလေ။ ဒါကိုလည်း အားရကျေနပ်မိ၍ စစ်တက္ကသိုလ်ကို ကျေးဇူးတင်မိပါတယ်။ အထူးသဖြင့် ၀တ်စုံအဖြူနဲ့ ဆင်းရတာကို ကြိုက်တာပါ။ တကယ်တမ်း ကျောင်းဆင်းပွဲ စစ်ရေးပြတွေကျင့်တော့မှ မျက်လုံးတွေကို ကြိမ်းနေအောင် ခံစားရတာ သိတော့တယ်။ ဒါကြောင့် အိပ်ရေးပျက်လို့ မရဘူး။ အားနည်းလို့ မရဘူးလေ။ မှုးပြီးမေ့မှာထက် စစ်မိန့်သံအတိုင်း လိုက်လုပ်နိုင်ဖို့က အရေးကြီးတာပါ။ ဒါကြောင့် ကိုယ်သိပ်သဘောကျခဲ့တဲ့ ဒီဝတ်စုံအဖြူကြီးနဲ့ ကိုယ့်ငယ်ငယ်တုန်းကလို ကိုယ့်ကိုပြန်ကြည့်နေမယ့် လူငယ်တွေအတွက် ရဲရဲတောက်ဖြစ်အောင် စံနမှုနာဖြစ်အောင် စစ်ရေးပြနဲ့အညီ လိုက်ပါလုပ်ဆောင်ပြီး စိတ်ဓာတ်ရှိကြောင်း ပြခဲ့ရသေးတာပေါ့လေ….။ ဒါကစာရေးသူ စစ်တက္ကသိုလ် တက်ခဲ့စဉ်က တစ်စိတ်တစ်ဒေသလေးပါ။ ရေးရင်တော့ ကုန်မှာမဟုတ်ပါဘူး။ ဒီအကြောင်းတွေ ရေးနေရရင် အမိစစ်တက္ကသိုလ်ကို အရမ်းလွမ်းမိပါတယ်။ သြော်…စစ်တက္ကသိုလ်ဆိုတာကလည်း ကျွန်တော့်ဘ၀ရဲ့ ဒုတိယအမေတစ်ယောက်ပါပဲလေ။ သူမွေးထုတ်ပေးခဲ့လို့ ကျွန်တော်တို့ ဒီလိုနေနိုင်ခဲ့ကြတာပါ။ မွေးအမေမှာ ကျေးဇူးတွေ ဆပ်လို့မကုန်နိုင်အောင် ရှိသလို။ သူ့မှာလည်း ဘယ်လိုကျေးဇူးမျိုးတွေ ရှိသလဲဆိုတာ စစ်တက္ကသိုလ် တက်ဖူးသူတိုင်း သိကြလိမ့်မယ်လို့ စာရေးသူ ယုံကြည်နေပါတယ်။

အဲဒီလို ကျွန်တော်စစ်တက္ကသိုလ် တက်နေချိန်မှာ တောင်ကြီးက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဘယ်တွေရောက်နေလဲ စဉ်းစားမိတယ်။ ဒါပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။ စစ်တက္ကသိုလ်ထဲမှာ သူပါမလားလို့ မကြည်ရဲကြည်ရဲ လူတိုင်းမမြင်ရတဲ့ မျက်လုံးလေးတွေနဲ့တောင် စာရေးသူ လိုက်ရှာမိပါသေးတယ်။ မတွေ့မိခဲ့ပါဘူး။ သူငယ်ချင်းတစ်ယောက်ကိုတော့ တွေ့ပါတယ်။ ဒါပေမယ့် အငယ်ကောင် မဟုတ်ပါဘူး။ ၁၀ တန်းနှစ်မှာ အတူတက်ခဲ့တဲ့ သူငယ်ချင်းပါ။ ဒီလိုနဲ့ စစ်တက္ကသိုလ်တက်ပြီး ပထမနှစ်အပြီး ခွင့်ရလို့ အိမ်ပြန်တော့ အမေက ပြောပါတယ်။ အငယ်ကောင်နဲ့ အကြီးကောင်တို့ အိမ်လာသွားကြတယ်။ အကြီးကောင်ကတော့ ၉ တန်းမအောင်လို့ ကျောင်းထွက်လိုက်ပြီးတဲ့။ အငယ်ကောင်ကတော့ သားလိုပဲ ၁၀ တန်းအောင်တော့ ဗိုလ်သင်တန်း လျှောက်တာ မရလိုက်ဘူး။ အထက်တန်းစတက်တော့ သူယူထားတဲ့ မေဂျာက ၀ိဇ္ဇာတွဲဖြစ်နေလို့ ကန့်သတ်ချက်ထဲ ပါသွားတယ်။ သနားပါတယ် အငယ်ကောင်က တော်တော်လုပ်ချင်နေတာလို့ အမေကပြောပါတယ်။ နောက်ပြီး သားက စစ်တက္ကသိုလ်တက်နေတဲ့အချိန် ဆေးစစ်ကာလတုန်းက သားရိုက်ပြီး အမေတို့ဆီပို့လိုက်တဲ့ မိုးကာအကျီင်္နဲ့တစ်ပုံရယ် သေနတ်ကိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို မြင်သွားတော့ သူပိုပြီး နာကျင်သွားတယ်ထင်တယ်။ အခုတော့ သူစစ်တပ်ထဲဝင်သွားပြီးလို့ သူ့အမေက ပြောလာတယ်။ သားတို့စစ်တက္ကသိုလ်မှာ အခြေခံသင်တန်း အပြီးမှာ ဒေါက်တင်ပွဲလုပ်ပြီး သိပ်မကြာဘူး။ ရဲဘော်အဆင့်နဲ့ တပ်ထဲကို ၀င်သွားတယ်။ အငယ်ကောင်ကတော့ အမေတို့ကို ပြောသွားတယ်… ကျွန်တော်ဗိုလ်အရမ်း ဖြစ်ချင်တယ်။ စာရေးသူကိုလည်း အားကျတယ်။ ဒါကြောင့် နည်းလမ်းတစ်ခုခုနဲ့ ရအောင်သူ စစ်တပ်ထဲ ၀င်သွားရှာတယ်။

ကံကောင်းချင်တော့ ၁၀ တန်းအောင်ထားတော့ ဟိုပုန်းမြို့မှာ ဖွင့်ထားတဲ့ ကွန်ပျူတာစာရေး သင်တန်းကို သူတက်ခွင့်ရတယ်လို့ ကြားတာပဲ။ အခုချိန်ထိတော့ တစ်ခါမှ သူနဲ့မဆုံရသေးပါဘူး။ တပ်ကြပ်ကြီး ဖြစ်နေပြီး အသက်ကလည်း ငယ်သေးတော့ နောက်တစ်ဆင့် ဗိုလ်သင်တန်းဖြေမှာပေါ့လေ။ ဒါပေမယ့် သူဝါသနာပါတဲ့ ဒီစစ်တပ်ထဲမှာ နေနေရလို့လားတော့ မသိဘူး။ အငယ်ကောင် ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ စာရေးသူအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ သူရွေးချယ်ခဲ့တဲ့ ဘ၀အဆစ်ချိုးက သူ့ဘ၀လမ်းကြောင်းနဲ့ သူ့ရဲ့ ရည်မှန်းချက်ကို တိမ်းစောင်းသွားစေခဲ့တာပေါ့လေ။ သူသာ သိပ္ပံတွဲကို ယူခဲ့ရင် အခုချိန်မှာ ကျွန်တော်နှင့်အတူ စစ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ် တစ်ခုခုကနေ ကျောင်းဆင်းပြီး အရာရှိတစ်ယောက် ဖြစ်နေပြီးပေါ့လေ။ အခုတော့ တပ်ကြီးကြပ် အဆင့်နဲ့ သူရည်မှန်းချက်ကို ဆက်လှမ်းရတာပေါ့။ ဒါပေမယ့် အခက်အခဲတွေနဲ့ဆိုတော့ ပိုပင်ပန်းရမယ်လေ။ ကျွန်တော့် သူငယ်ချင်းသည် စိတ်ဓာတ်ကောင်းမွန်ပြီးသား လူတစ်ယောက် ဖြစ်တာမို့ သူ့ရည်မှန်းချက်တွေ အောင်မြင်မှာပါ။ အောင်မြင်ပါစေလို့လည်း ကျွန်တော်ဆုတောင်းပေးနေပါတယ်။

စာရေးသူ အနေဖြင့် ဒီအကြောင်းအရာကို ဘာကြောင့်ဖော်ပြရသလဲဆိုတော့ သူငယ်ချင်းကို အရမ်းလေးစားမိလို့ပါ။ ကျွန်တော်တို့တတွေဟာ ပြည်သူတွေဖြစ်ခဲ့ပါတယ်။ အဲလိုပြည်သူတွေကနေ တဆင့် ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရင်းနဲ့ အလုပ်အကိုင်တွေ ကိုယ်စီရှိလာကြပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း အငယ်ကောင်လို စိတ်ဓာတ်မျိုးရှိတဲ့ တပ်မတော်သားတွေ ရှိနေဦးမှာပါ။ အဲလိုစိတ်ဓာတ် ရှိတဲ့သူတိုင်းကို ကျွန်တော်လေးစားမိပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်း ရဲဘော်ဖြစ်နေလဲ သူ့အတွက်ကျွန်တော် အမြဲတမ်းဂုဏ်ယူနေမှာပါ…။ တပ်မတော်သားတွေထဲမှာ တိုင်းပြည်ကိုလည်းချစ်တယ်… တပ်မတော်ကိုလည်း ချစ်တဲ့လူတွေ အများကြီးရှိနေကြောင်း နှင့် စိတ်ဓာတ်ကောင်းမွန်တဲ့ တပ်မတော်သားတွေ ရှိနေတယ်ဆိုတာကို စာရေးသူ၏ လေးစားရပါသော သူငယ်ချင်းရဲဘော်ဘ၀နှင့် တပ်မတော်ထဲ ၀င်ခဲ့တဲ့အကြောင်းလေးကို ရေးသားဖော်ပြရင်း….။

NPNGMMP

Thursday, December 2, 2010

မြန်မာမိန်းကလေးတွေ အမျိုးဂုဏ်ကို စောင့်ထိန်းပေးကြပါ

နိုင်ငံခြားမှာနေပြီး နိုင်ငံခြားသားနှင့် ရည်စားဖြစ်ချင်သောသူများ နှင့် ရည်စားဖြစ်နေသော မြန်မာ မိန်းကလေးတို့သည် ဒေါ်စုကိုအားပေးကြသည်။ ထို့ကြောင့် လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအပေါ် မကျေနပ်ကြချေ။ ရည်ရွယ်ချက်မှာ ဒေါ်စုအား ဖမ်းဆီးချုပ်နှောင်ထားခြင်းကြောင့် ဆိုရမည်။ လောကမှာ လုပ်ဆိုတာနဲ့ မလုပ်နဲ့ဆိုတာ နှစ်မျိုးရှိပါတယ်။ ဗုဒ္ဓအဆုံးအမတွင် ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ခံစားရမယ်။ လူတိုင်းသည် ဤအချက်ကို ကောင်းမွန်စွာ သိကြ၍ လိုက်နာသော သူများအတွက် အပြစ်ဆိုတာမရှိ အေးချမ်းနေကြ၏။ မလိုက်နာသော သူများအတွက်သာ မီးလိုပူတဲ့ သောကတွေကို ခံစားကြရရှာတာပါ။

ထောင် ဆိုသည်မှာ မကောင်းမှုကျူးလွန်သူတို့၏ အပြစ်ကိုဆေးကြောသော နေရာပင်ဖြစ်သည်။ ဒါကိုလည်း လူတိုင်းသေချာ နားလည်ဖို့ လိုအပ်ပါတယ်။ မည်သို့မည်ပုံ ထောင် ကျသည်ဖြစ်စေ။ အတိတ်ကံ အကျိုးပေးမကောင်းလို့လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ပြန်ပြင်လို့ မရတဲ့အမှားတွေ မှားပြီးသူတိုင်းအတွက် ကိုယ့်အမှားကို ကိုယ်သိအောင် အကျဉ်းချပြီး စိတ်တွေကို ပြုပြင်ပြောင်းလဲ ပေးလိုက်တာပါ။ ဒီလူတွေရဲ့ ဘ၀ကို ပြန်လည်မွမ်းမံ ပေးတဲ့နေရာလို့ တရားမှာနားဖူးပါတယ်။ ထောင် ကျနေတဲ့ လူတွေကို ကိုယ်ချင်းမစာလို့တော့ မဟုတ်ဘူး။ ဘာမှမတတ်နိုင်တာ အားလုံးအသိပဲလေ။ သူ့အပြစ်နဲ့ သူခံနေရတဲ့ လူတစ်ယောက်ကို ထောင်ကနေ ထုတ်ပေးဖို့ တောင်းဆိုသည်… ဆန္ဒပြသည်မှာ မှားယွန်းတဲ့ အလုပ်တွေကို လုပ်ကိုင်နေတာနဲ့ အတူတူပါပဲ။ အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေကို ကျွန်တော်တို့ ဘယ်တော့မှ မလုပ်ဖို့ တွေးခေါ်တတ်ရပါမယ်။

ကိုယ်လုပ်မှ ကိုယ်ရတဲ့ လောကကြီးမှာ သနားမှုက လွဲရင် ဘာမှမတတ်နိုင်ဘူး။ ဇာတ်ကားတွေထဲကလို ထောင်ဖောက်ပြီးတော့ ကယ်နိုင်တယ်ပဲ ထားပါဦး။ ကယ်တဲ့လူက အမိုက်မဲဆုံးပါ… ဒီဘ၀မှာဖြစ်ဖြစ် နောင်ဘ၀မှာဖြစ်ဖြစ် အပြစ်ရှိလေတိုင်း နှစ်ဆ၀ဋ်ကြွေး ပြန်ဆပ်နေရပါလိမ့်မယ်။ ဘုရားသည် ဒေ၀ဒတ်၏ အပြစ်များအား ခွင့်လွတ်သည်… ဒါပေမယ့် ၎င်းပြုလုပ်ခဲ့သည့် မကောင်းမှု အကုသိုလ်ကံက ခွင့်မပြုပါ။ ထို့ကြောင့် အပ္ပာယ်သို့ သွားရရှာလေသည်။ ကိုယ်ကောင်းဖို့ကို အရင်လုပ်ပါ။ အပြစ်ရှိလို့ ထောင် ကျနေတဲ့ လူတွေကို လွတ်ပေးပါလို့ တောင်းဆိုမည့်အစား အပြစ်၏ သဘောသဘာဝကို သေချာသိရှိပြီး လုပ်ရမှာနှင့် မလုပ်ရမှာတွေကို ခွဲခြားသိရှိနိုင်သော သူသာလျှင် လူတော်လူကောင်း တစ်ယောက်ဖြစ်ပါမည်။ လူတုံး လူညံ့ လူအ လူယုတ်မာ အဖြစ်နှင့်သာ ရပ်တည်ချင်တယ်ဆိုရင်တော့ ကျွန်တော်ပြောခဲ့တာတွေကို လက်ခံစရာ မလိုပါဘူး။ ကြိုက်သလိုသာ ခရီးဆက်နိုင်ပါတယ်။ အပြစ်ရှိတဲ့လူတွေကို လွတ်ခိုင်းတယ်ဆိုတာက အခုကြားနေရတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွတ်ပေးဖို့ တောင်းဆိုနေတာကို ဆိုလိုတာပါ။ သူ့အပြစ်အတိုင်း သူခံပါစေ။ အပြစ်က လွတ်မြောက်တဲ့နေ့မှာ အားလုံးက လှိုက်လှိုက်လဲလဲ ကြိုဆိုရမှာပါ။ ဒီလိုမှမဟုတ်ရင် ထောင် ကျတဲ့ လူတိုင်းရဲ့ အသိုင်းအ၀ိုင်းတွေက အမြဲတမ်း တောင်းဆိုနေတော့မှာပေါ့။

ကျွန်တော်အနေဖြင့် ဘ၀င်မကျသော အမြင်တစ်ခု ရှိပါတယ်။ မြန်မာလူမျိုး တစ်ယောက်ဖြစ်လို့ မြန်မာပြည်နဲ့ ဆိုင်သူမှန်းသမျှကို ကျွန်တော်တို့ ကြည့်ရှုရမှာပဲ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သူမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး၊ ကျောင်းတက်ရင်းနဲ့ ဖွံကြောင်ခဲ့သူမှာ ဗိုလ်ချုပ်၏သမီး ယခုလက်ရှိ အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ဆိုလျှင် မှားနိုင်ဦးမလား…? ၎င်းနောက်တွင် နိုင်ငံခြားသားနှင့်ပါ အတူတကွ နေထိုင်ကာ အကြင်လင်မယားအဖြစ် ပေါင်းသင်းပြီး သားနှစ်ယောက် ထွန်းကားခဲ့လေသည် ဟူသော သတ်မှတ်ချက် တစ်ခုက သေရာပါအမာရွတ် တစ်ခုလိုပဲ ကျန်ရှိနေဦးမှာပါ။ သူမနှင့် သက်ဆိုင်သည့် အကြောင်းအရာတွေကို ကျွန်တော်တို့ မြန်မာပြည်ကြီးက ဆက်လက်ပြီး ဒုက္ခခံကြရအုံးမှာပါ။ အကျိုးနဲ့အပြစ် တွက်ကြည့်လိုက်ရင် မြန်မာနိုင်ငံအတွက် အပြစ်ဖြစ်စရာတွေ ဖန်တီးပေးနိုင်တဲ့ လူတစ်ယောက် အဖြစ်နှင့်သာ ကျန်ရစ်နေမှာပါ။ ငါးမင်းဆွေ ပြောခဲ့သလို ဒေါ်စုသာ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ဖို့ အမေရိကနှင့် အနောက်နိုင်ငံတွေကို အကူအညီမတောင်းပဲ အာဏာတက်မက်မှု ကင်းမဲ့ခဲ့ရင် ကျွန်တော်တို့ ဒီအချိန်မှာ တိုးတက်သင့်သလောက် တိုးတက်နေပါပြီး။ သူမ၏အဖေ ဗိုလ်ချုပ်အောင်ဆန်း ရှိခဲ့မယ်ဆိုရင်လည်း ဒီလိုကိစ္စမျိုးကြီးကို လက်ခံမှာမဟုတ်တဲ့ အပြင်၊ ဗိုလ်ချုပ်မျိုးဆက်မှာ အရောင်မှိန်အောင် ပြုလုပ်ခဲ့တဲ့ မိုက်မဲမှု အပြစ်တွေနဲ့ မြန်မာပြည်ကြီးကို ချစ်တယ်ဟု သေးသေးလေးပဲဖြစ်ဖြစ် ကြီးကြီးကြီးပဲဖြစ်ဖြစ် ရင်ထဲကပဲဖြစ်ဖြစ် ဗိုက်ထဲ၊ အသည်းနှလုံးထဲကပဲဖြစ်ဖြစ် ဘယ်နေရာကပဲ ချစ်တယ်ပြောပြော ခွင့်လွတ်နိုင်စရာ မရှိပါဘူး။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ ကျွန် ဖြစ်နေတုန်းက ဗမာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ရန်အတွက် ဖက်ဆစ်ဂျပန်တို့၏ အကူအညီကို ရယူခဲ့ပါတယ်။ အင်္ဂလိပ်ကို တိုက်ခိုက်ရာမှာ ပူးပေါင်းပါဝင်သည့် အတွက် ဂျပန်တို့က ဗမာပြည်ကို ကယ်တင်ပြီး လွတ်လပ်ရေးပေးမည်ဟု ကတိပေးခဲ့ပါတယ်။ သို့သော် အင်္ဂလိပ် လက်အောက်မှ မြန်မာပြည်ကို ရရှိလာသောအခါ ဖက်ဆစ်ဂျပန်များ ကတိမတည်တော့ပဲ အကြောင်းအမျိုးမျိုးပြကာ မြန်မာနိုင်ငံတွင် ဖက်ဆစ်စနစ်ကို ကျင့်သုံးခဲ့ပြီး အုပ်ချုပ်လာကြပါတယ်။ ကမ္ဘာစစ်ကြီးအတွင်းမှာ ဂျပန်နှင့် ပေါင်းပြီးတိုက်တော့ လွတ်လပ်ရေးအတုအယောင်ကို ရရှိလိုက်တာကြောင့် မဟာမိတ်အင်အား အင်္ဂလိပ်နှင့်ပေါင်းပြီး ဗမာလွတ်လပ်ရေး အစစ်အမှန်ရရေးအတွက် ဦးတည်ကြိုးပမ်းရပြန်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကိုယ်စားလှယ်တို့ အင်္ဂလန်နိုင်ငံကိုသွားပြီး ၀န်ကြီးချုပ်အက်တလီနှင့် ဆွေးနွေးပြီးတဲ့နောက်မှာ ဗမာနိုင်ငံလွတ်လပ်ရေး ရယူနိုင်ခဲ့ပါတယ်။ ခက်ခက်ခဲခဲနဲ့ ရလာတဲ့ လွတ်လပ်ရေးကြီးကို တိုင်းပြည်အုပ်ချုပ်နေတဲ့ အကြီးအကဲတွေက တန်ဖိုးမထားပဲ ပြီးစလွယ်လုပ်မလုပ်ဆိုတာ စဉ်းစားနေတဲ့သူဟာ ဥာဏ်ပညာချို့တဲ့သူ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က ဘယ်တော့မှ အဲလိုမတွေးမိဘူး။ တွေးမိတဲ့လူတွေနဲ့ အမြဲတမ်း မဟုတ်မမှန် သတင်းမှားတွေ ရှိနေတာကြောင့် ဖော်ပြခြင်းဖြစ်ပါတယ်။ စဉ်းစားသင့်တဲ့ အချက်က အကုန်လုံးသည် မြန်မာလူမျိုးတွေ ဖြစ်တာကြောင့် ကျွန်ဖြစ်ခဲ့ရင်လည်း ဘုရင်မှအစ ဆင်းရဲသား သူတောင်းစား မည်သူမဆို မြန်မာလူမျိုးမှန်သမျှ ချမ်းသာသုခ မရကြပါဘူး။ ဒီသဘောတရားကို လူတိုင်းနားလည်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတာအမှန်ပါ။ တစ်ချို့တွေက နားမလည်တော့ တပ်မတော်က နိုင်ငံတော်ကို ဖျက်နေတယ်။ ဒေါ်စုက နိုင်ငံတော်ကို ဖျက်နေတယ်။ အတွေးအမှားတွေနဲ့ ဒွိဟဖြစ်နေစရာ မလိုပါဘူး။ ကိုယ့်မြန်မာအချင်းချင်း ကြိုက်တဲ့လူ နိုင်ငံကိုဖျက်၊ ပျက်စီးသွားလို့ တိုင်းတပါးသား အုပ်ချုပ်တဲ့အခါ မည်သူရဲ့အမျိုးတွေမှ လွတ်ငြိမ်းခွင့် ရမှာမဟုတ်ဘူး။

နိုင်ငံရေးကို ခုတုံးလုပ်ပြီး စားသောက်နေတဲ့ မီဒီယာသမားတွေ နှင့် အတိုက်အခံ ပါတီတွေသည် မြန်မာပြည်သူလူထုကို အထင်အမြင်လွဲစေမည့် ပုံစံမျိုးတွေဖြင့် အမြဲတမ်း စည်းရုံးလေ့ရှိပါတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး… အဲဒီတပ်မတော်က တိုင်းပြည်ကို ဖျက်နေတာဟု ပြောပြီး ကျွန်တော်(နိုင်ငံရေးသမား)တို့က မခံမရပ်နိုင်လို့ ပြည်ပကနေ နိုင်ငံရေးလုပ်ပြီး အော်နေရတာပါ။ မြန်မာပြည်ထဲတော့ မ၀င်ပါရစေနဲ့ ခင်ဗျား(ပြည်သူတွေ)တို့ နိုင်ငံအတွင်းက ဒေါ်စုကိုဒီမိုကရေစီ ရအောင်လုပ်ခိုင်း၊ အဲဒါမှ ကျွန်တော်တို့တွေ မြန်မာပြည်ထဲ ၀င်လာလို့ရမှာ… ကျွန်တော်လုပ်ထားတဲ့ အပြစ်တွေက ကြီးမားပါတယ်။ ဒီအပြစ်တွေကို ချေဖျက်ပေးနိုင်တာ ဒေါ်စု တစ်ယောက်ထဲသာလျှင် ဖြစ်နိုင်မည်ဟု ဘယ်တော့မှ ဖွင့်ဟ၀န်ခံမည်မဟုတ်ပါ။ ဒါပေမယ့် တပ်မတော်ကိုတော့ ဆက်လက်မအုပ်စိုးစေပဲ လက်ရှိအစိုးရ လုပ်သမျှ ဆန့်ကျင်ပြီး၊ ယခု တပ်မတော်နှင့်ပြည်သူ ပူးပေါင်းအကောင်ထည် ဖော်ထားသည့် ဒီမိုကရေစီကိုပါ ဖျက်စီးဖြစ်ရန် နည်းမျိုးစုံ ကြံစည်နေကြရှာတယ်။ ပြည်သူတစ်ယောက် အနေဖြင့် သူတို့၏စကားတွေကို ယုံချင်လည်းယုံပါ။ မယုံချင်ရင်တော့ ယခုလို တွေးကြည့်လို့ ရပါတယ်။ တပ်မတော်က နိုင်ငံကိုဖျက်လို့ နိုင်ငံပျက်တယ်ပဲ ထားပါအုံး အဲဒီတပ်မတော်က ဘယ်နိုင်ငံအထဲမှာ နေတာလဲ ဘာလူမျိုးတွေနဲ့ ဖွဲ့စည်းထားတာလဲ… မိဘဆွေမျိုးအသိုင်းအ၀ိုင်းက ဘယ်မှာလဲ ဘာလူမျိုးတွေလဲ ဒါကြောင့် အတွေးအခေါ် မတုံးပါစေနှင့် ဘယ်သူမှ မြန်မာနိုင်ငံ ပျက်အောင်လုပ်မှာ မဟုတ်ဘူး။ မိမိကိုယ်တိုင်လည်း မဖြစ်ပါစေနဲ့။

အခုကျွန်တော်ရေးခဲ့တဲ့ အကြောင်းအရာတွေသည် အထင်အမြင် လွဲမှားမှုတွေကို ထောက်ပြရုံပါပဲ။ တစ်ချို့လူတွေက ကျွန်တော်တို့ထက် ပိုတွေးမိရင် ဒီထက်ပိုတဲ့ အတွေးတွေနဲ့ ရှင်သန်နိုင်မှာပါ။ အဓိကတစ်ချက်ပဲ ခေါင်းထဲထည့်ပေးစေလိုပါတယ်… မြန်မာနိုင်ငံအကြောင်း အကောင်းဘက်ကနေ တွေးပါ၊ အကောင်းဘက်က ရေးပါ။ ဒါဆိုရင် မကောင်းတာလုပ်နေတဲ့လူတွေကို သင်မြင်တွေ့လာလိမ့်မယ်။

လိုရင်းရောက်ဖို့ အစချီလိုက်တာနဲ့တင် တော်တော်များသွာပြီး… ပြောချင်တဲ့ အကြောင်းအရာက ကျွန်တော်တို့လူမျိုး ကျွန် ဘ၀ရောက်ခဲ့တုန်းက အင်္ဂလိပ်တွေက မတန်တဆ ခိုင်းတယ်။ ညုင်းပန်းနှိပ်စက်တယ်။ အဆိုးဆုံးအချက်က မြန်မာမိန်းကလေးတွေရဲ့ အိနြေ္ဒရည် သိက္ခာကို သူတို့၏ ကာမအလိုဆန္ဒကြောင့် လူမြင်ကွင်းမှာ ပေါ်တင်တစ်မျိုး၊ လူကွယ်ရာမှာ တစ်မျိုး ရအောင် သားမယား ပြုကျင့်ခဲ့ကြတာပဲ မဟုတ်လား။ မတရား အဓမ္မပြုကျင့်ခဲ့တာ မြန်မာမိန်းကလေးတွေ ကျေကျေနပ်နပ် လက်ခံခဲ့ကြသလား…??? ဒါတွေကို ကျွန်တော်တို့မြန်မာ အမျိုးသားတွေကရော ကျေနပ်ခဲ့ကြသလား။ ဒါမှမဟုတ် အဲလို ဖျက်စီးခံလိုက်ရတဲ့ မိန်းကလေး အသိုင်းအ၀ိုင်းတွေကရော ဂုဏ်ယူခဲ့ကြလား။ မခံနိုင်လို့ ပြန်ချတော့ အသက်ပါ စတေးခဲ့ရတာပဲ မဟုတ်လား။ မုန်းတီးသထက် မုန်းတီးလာပြီး နာကြီးချက်တွေ အလီလီတိုးခဲ့ရတာ အခုခေတ် မိန်းကလေးတွေ မေ့လျှော့နေကြပြီးနဲ့ တူပါတယ်။

ဝမ်းနည်းစရာ အကောင်းဆုံးတစ်ချက်က ပြည်ပရောက်နေတဲ့ လူတော်တော်များများဟာ မြန်မာဇာတ်လမ်းတွေကို မကြည့်ကြတော့ပါဘူး။ အဲဒါက မဖြစ်သင့်ပါဘူး။ ဒေါ်စုက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ဖို့ အကြံပေးခဲ့သလို မြန်မာဇာတ်ကားတွေကို မြန်မာတွေက ပြန်အားမပေးမှတော့ ကိုယ့်နိုင်ငံရဲ့ အမျိုးချစ်စိတ်တွေကို ကိုယ်တိုင် ပြန်ပိတ်ဆို့နေတာနဲ့ မတူဘူးလား။ အခုနောက်ပိုင်း အင်တာနက်မှာ Free Video တွေရှိနေတာတောင် မကြည့်ဖြစ်ကြတာ အရမ်းဆိုးလွန်းပါတယ်။ တိုင်းတပါးရောက်တာနဲ့ ကိုယ့်မြေ၊ ကိုယ့်ရေ ကိုယ့်လေ ကိုယ့်နိုင်ငံထွက် ပစ္စည်းတွေက တန်ဖိုးနိမ့်ကျသွားစရာ အကြောင်းမရှိပါဘူး။ မိမိရောက်နေတဲ့ နိုင်ငံဘယ်လောက်လှလှ ဘယ်လောက်ပဲ တိုးတက်နေပါစေ ကိုယ့်နိုင်ငံက ကိုယ့်မြို့လေးနဲ့ ယှဉ်ရင် အဆမတန် ကွာနေပေမယ့် အထင်ကြီး လေးစားတတ်တဲ့ စိတ်တွေ ဖျောက်ဖို့လိုပါတယ်။ ဘာကြောင့် ဖျောက်ခိုင်းသလဲဆိုတော့ အဲဒီစိတ်တွေ ၀င်လာရင် ကိုယ့်နိုင်ငံကို အထင်သေးသွားမှာ ဆိုးလို့ပါ။

ကိုယ့်နိုင်ငံဆိုတာက ခင်ဗျားတို့ကျွန်တော်တို့ တိုင်းရင်းသားတွေ အားလုံးစုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို ဆိုလိုတာပါ။ သမ္မတတစ်ယောက်ထဲ ပိုင်တာမဟုတ်ဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးသန်းရွှေ တစ်ဦးထဲ ပိုင်ဆိုင်တာမဟုတ်ဘူး။ ကြံဖွံ့ပါတီ တစ်ခုထဲ ပိုင်တာမဟုတ်ဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ ပိုင်တာ မဟုတ်ပါဘူး။ တစ်ဦးပိုင်စနစ် မဟုတ်တဲ့ အများပိုင်စနစ်၊ ပြည်သူပိုင်စနစ်တွေမှ ခင်ဗျားတို့ကျွန်တော်တို့တွေက အပေါ်မှာ ရေးခဲ့သလို အထင်သေးနေမယ် ဆိုရင် မိမိကိုယ်တိုင် ဘာဖြစ်သွားမလဲ စဉ်းစားကြည့်ပေတော့။

ပြည်ပအသီးသီးမှာ ကျွန်တော့်သူငယ်ချင်း မိတ်ဆွေတွေ ရှိပါတယ်။ အင်တာနက်မှာ တွေ့လို့နှုတ်ဆက် ဖြစ်တဲ့အခါ အကြောင်းတိုက်ဆိုင်လို့ မေးမိတာလေးတွေ ရှိပါတယ်။

ဥပမာ - မိန်းကလေးသူငယ်ချင်း တစ်ယောက်နဲ့ပေါ့။

ကျား - ဘာလုပ်နေတာလဲ….သူငယ်ချင်း…..?

- ဇာတ်လမ်းကြည့်နေတာပါ…

ကျား - ဘာဇာတ်လမ်းလဲ….?

- အင်္ဂလိပ် ဇာတ်ကား… အရမ်းကောင်းတာ… မင်းသားက အရမ်းချောတယ်… (သို့) ကိုးရီးယားကား ကြည့်နေတာ ဇာတ်အိမ်ဖွဲ့စည်းမှုက အရမ်းကောင်းတာ (သို့) ကာတွန်းကား၊ အက်ရှင်ကား စသည်အားဖြင့် ပြန်ပြောလေ့ရှိပါတယ်။

ကျား - သြော်…ဒါနဲ့ ဟိုနေ့က ငါကြည့်ရတဲ့ ဇာတ်ကားအရမ်းကောင်းတယ် ကြည့်မလား….?

- ဘာကားလဲ….?

ကျား - မြန်မားကားလေ ဂျပန်ခေတ်က စစ်ကားပါ။ အဲဒီထဲမှာ ဂျပန်တွေက အရမ်းယုတ်မာတာ ငါတို့လူမျိုးက စိတ်ဓာတ်ကြံ့ခိုင်လို့ ဒင်းတို့ကို တိုက်တုတ်ပစ်နိုင်တာ။ လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ မိန်းကလေးတွေရဲ့ ဘ၀လုံခြုံလာတာနှင့် အမျှ တန်ဖိုးတွေလည်း ရှိလာတယ်နော်…

- ရုပ်တိမရှိပါဘူး…. မြန်မာကားတွေက စိတ်ညစ်ဖို့ကောင်းတယ်… မြန်မာကားဆို မကြည့်ဘူး… နိုင်ငံခြားကားတွေပဲ ကြည့်ဖြစ်တယ်… အခုလောလောဆယ်တော့ နင်ပြောတဲ့ဇာတ်ကားက ကာတွန်းကားလောက်တောင် အာရုံမလာလို့ ငါဆက်ကြည့်လိုက်ဦးမယ်…

ကျား - အိုကေအိုကေ သူငယ်ချင်းတို့ အထင်ကြီးတဲ့ ကားတွေထဲ မြန်မာရုပ်ရှင်ကားတွေ ပါလာတဲ့တစ်နေ့ ငါ ၀မ်းသာနေမှာပါ။

ပြောလိုက်ရင်တော့ မြန်မာပြည်ကို ချစ်တယ်။ ဒီမိုကရေစီလေး မြန်မြန်ပေးကြပါ။ ကိုယ့်ပြည်တွင်းပစ် ပစ္စည်းတွေကျတော့ ရွံ့သလိုလို အဆင့်အတန်းမရှိသလိုနဲ့ နေတတ်လိုက်တဲ့ ကမ္ဘာတလွှား မြန်မာများပါလားနော်။ မြန်မာပြည်အတွက် တန်ဖိုးတော်တော် ရှိမယ့်လူတွေပါပဲ… တကယ့်တော့ တိုင်းတပါးကို နှစ်သက်ရင်းကနေ တိုင်းတပါး ယဉ်ကျေးမှုကို အတုခိုးလာကြတော့တယ်။ တစ်ချို့ မိန်းကလေးတွေ ပျက်စီးနေတာတွေ ကြားသိရ၍ သူတို့၏ မိဘများကို သနားမိပါသည်။ သို့ပင်သော်လည်း နိုင်ငံရေးနဲ့ ပတ်သတ်ရင်တော့ သူတို့သည်သာလျှင် မျိုးချစ်မိန်းကလေးတွေဟု ခံယူတတ်ကြသည်။ လက်ရှိဒေါ်စုအရေးနှင့် ပတ်သတ်လျှင် ကျွန်တော် တော်တော်များများရဲ့ စိတ်နေသဘောထားကို လေ့လာမိသလောက် အမေစုဟေ့လို့ အော်နေကြတယ်။ အော်နေကြတဲ့ မိန်းကလေးတွေထဲမှ အများစုသည် ပြည်ပရောက် မြန်မာမိန်းကလေးများ ဖြစ်နေကြသည်။ လေးစားပါတယ် အမေ…။ အမေစုလို သမီးတို့ ဖြစ်ချင်ပါတယ်။ အင်တာနက် စာမျက်နှာတွေမှာ ဘာတွေ လျှောက်ရေးနေမှန်း မသိသလောက် ရေးကြပါတယ်။ ဒါဆို ကျွန်တော် တစ်ချက်ပဲ မေးချင်တယ်ဗျာ… အထိတော့ မနာကြပါနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေလို့ ခေါ်ရင် အော်တိုမစ်တစ် သူ့ယောင်္ကျားကို အဖေခေါ်မှာလား….??? ဒီလိုကျတော့ ထိုမိန်းကလေးများ အနေဖြင့် ခေါ်ချင်လိမ့်မည် မဟုတ်ချေ။ အဓိပ္ပာယ် သက်ရောက်ပုံတွေကို နားမလည်လွန်းတော့ ခက်လှသည်။

ထို့အပြင် အခုလို ပြည်ပမှာနေ တိုင်းတပါးအထင်ကြီးပြီး တိုင်းတပါးယဉ်ကျေးမှုတွေ ကိန်းအောင်လာသူတွေဟာ အမေစုမှ လွဲရင်မည်သူကိုမှ စံထားတော့မည်မဟုတ်။ မတူညီတဲ့ ကွဲပြားချက်ရှိပါတယ်။ ဒေါ်စုသည် ရင်ဖုံးအင်္ကျီလေး ၀တ်ကာ သူ့လုပ်ခဲ့တဲ့ အပြစ်တွေကို ဖုံးကွယ်ပါသည်။ ပြည်ပရောက် မြန်မာ မိန်းကလေးတွေကတော့ အမေ့ကို ချစ်လို့ တိုင်းပြည်ကို ချစ်လို့ အမေ့ယောင်္ကျားတို့ နိုင်ငံကြိုက် ဒီဇိုင်းလေးတွေနဲ့ ရင်ကိုဖွင့်ကာ သမီးတို့ အပြစ်ကို ပေးဆပ်နေကြ၏။

ရာဇ၀င်မှာ ရိုင်းစေတဲ့ မှတ်တမ်းမှတ်ရာတွေ ရှိခဲ့တာတောင် မိန်းကလေးတွေ စိတ်မနာသေးဘူး။ တိုင်းတပါးမှာ ကဲချင်တိုင်း ကဲနေကြတာ ယနေ့ခေတ်မှာ မမြင်ချင်မှ အဆုံးပါပဲလား။ မြန်မာမိန်းကလေး တစ်ယောက်ကို နိုင်ငံခြားသား တစ်ယောက်နှင့်အတူ ဘယ်လိုမှ မမြင်ရက်ပါ။ မလိုက်ဖက်ပါ။ အဲလို စုံတွဲတွေ တွေ့လေတိုင်း ရင်နာစွာ ခံစားရပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုး မိန်းမပျိုတွေသည် အရှက်အကြောက် အရမ်းကြီးကြတာ မှန်ပါတယ်။ အိနြေ္ဒရည် သိက္ခာရှိတဲ့ မြန်မာလို့လည်း သုံးနှုန်းနိုင်ပါတယ်။ ဒါကို ခေတ်မှီသူတွေက အားနည်းချက်လို့ ယူဆပြီး ပြောင်းလဲပစ်လာကြတယ်။ ပြောင်းလဲသူတို့မှာလည်း ပြည်ပရောက်ဖူးသူတို့ အများဆုံး ဖြစ်လာကြသည်။ ကျွန်တော် သေချာနှိုင်းယှဉ် ကြည့်ပြီးပါပြီး။ ဒီလိုအတွေး တစ်ခုပဲထွက်ပါတယ်။ မှန်တယ် မမှန်ဘူးဆိုတာ စာဖတ်သူတွေက ဆုံးဖြတ်ပေးကြပေါ့။ မှတ်ချက် ပေးသွားနိုင်ပါတယ်။ အရင်တုန်းက အင်္ဂလိပ်တွေ၊ ဂျပန်တွေက မြန်မာမိန်းကလေးတွေကို အတင်းအဓမ္မ ဖျက်ဆီးခဲ့ကြတယ်။ အခုခေတ်မှာတော့ မြန်မာမိန်းကလေးဆိုတာ အဲလောက်ကို မလိုတော့ဘူး။ အတင်းအဓမ္မ ပြုကျင့်စရာ မလိုလောက်အောင် နိုင်ငံခြားသားနှင့် နေရသည်ကို ဂုဏ်ယူတတ်လာကြသည်။ အမှန်တကယ်တော့ အရင်က မုဒိန်းကျင့်ခဲ့တဲ့ တိုင်းတပါးသားတွေသည် အခုချိန်မှာ ပေါ်တင်မုဒိန်း ကျူးလွန်လည်း ရနေပြီးဆိုတာကို ကျွန်တော်တို့ မြန်မာလူမျိုး မိန်းကလေးတွေက တွဲသွားတွဲလာ လုပ်ပြနေကြတာပါပဲ။ ကျွန်တော်တို့ မြန်မာမိန်းကလေးတွေ အခုလို မဖြစ်စေချင်ဘူး။ နိုင်ငံခြားသားနဲ့ ရည်းစားဖြစ်ရတာကို ဂုဏ်မယူကြပါနဲ့။ ဘေးကသူငယ်ချင်း အချင်းချင်းကလည်း ယခုလိုမျိုး ကိစ္စတွေကို တားမြစ်ပေးကြပါ။ အမျိုးကို ချစ်တဲ့စိတ်မျိုး ထားတတ်အောင် ရှုံ့ချပေးပါ။

မြန်မာနိုင်ငံကို ချစ်တယ်။ မြန်မာနိုင်ငံကို မြတ်နိုးသည်ဟု သူတို့အမြဲ ပြောလေ့ရှိပါသည်။ ဒေါ်စုကိုလည်း သူတို့လေးစားကြပါသည်။ ချစ်ကြပါသည်။ ဒီမိုကရေစီလည်း လိုချင်လိုက်တာ ၀ယ်စုထားတဲ့ အ၀တ်အစားတွေ အသုံးချဖို့။ ဒါပေမယ့် မကောင်းတဲ့အကျင့်တွေနဲ့ အမျိုးကိုလည်း ချစ်ပေးကြပါ။ အမျိုးဂုဏ်ကိုလည်း စောင့်ထိန်းပေးကြပါလို့ ဆိုပါရစေ။

ခန့်စည်သူ၊ ခိုင်သင်းကြည်၊ ၀ိုင်းစုခိုင်သိန်းတို့ နိုင်ငံတော်နှင့် ဆိုင်တဲ့ကားရိုက်လို့ ဆန္ဒ၀ိုင်းပြကြတယ်။ တကယ်တော့ အဲဒါသည် အမှားဖြစ်ပါတယ်။ ကိုယ့်လူမျိုးတွေ နိုင်ငံခြားသား လက်ထဲမှာပလူးပလဲ ဖြစ်နေတာကိုကျတော့ ကြည့်ကောင်းလို့ ကြည့်နေကြတာလား။ ဒါမျိုးတွေကို ၀ိုင်းဝန်းရှုံ့ချရမည့်အစား ကိုယ့်လူမျိုးအချင်းချင်း အနုပညာသမားတစ်ယောက် သူတတ်တဲ့ အနုပညာနဲ့ နိုင်ငံတော်နှင့်ဆိုင်သော ဇာတ်ကားရိုက်တာ သူ့ကိုဒုက္ခရောက်အောင် ထမင်းငတ်အောင် လုပ်စရာ ဘာရှိလို့လဲ… ခင်ဗျားတို့ ပတ်ဝန်းကျင်ဘေးမှာ ရှိနေတဲ့ အမျိုးယုတ်နေတဲ့ မိန်းမပျိုလေးတွေကိုသာ ထိန်းသိမ်းပေးကြ။ မျက်ကွယ်မပြုကြပါနဲ့။

ကိုယ့်ဘ၀ ရည်မှန်းချက်အသီးသီးဖြင့် ကြိုးစားနေထိုင်နေသော ပြည်ပမှ မိန်းမပျိုလေးများကိုလည်း ဤစာဖြင့် မေတ္တာရပ်ခံပါတယ်။ ကိုယ့်လူမျိုးကိုချစ်ရင် ကိုယ့်အမိမြေကိုချစ်ရင် ကျွန်တော်ပြောခဲ့သလို အရင်ခေတ်က တရားမ၀င် စော်ကားခဲ့တယ်။ ယနေ့ခေတ်မှာ တရားဝင် စော်ကားခံရဖို့အတွက် မိန်းကလေးတွေ ပိုက်ကွန်ထဲ မတိုးကြပါနဲ့လို့ မြင်နေတဲ့ အမြင်တွေကို ပွင့်လင်းစွာပဲ ရေးသားလိုက်ပါတယ်။

ဤဆောင်းပါးကို ဘာကြောင့် ရေးရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ထွက်ပြီးကတည်းက မြန်မာလူမျိုးယောင်္ကျားလေးတွေ အပြင် မိန်းကလေးတွေပါ အမေစု… အမေစုနဲ့ မီဒီယာတွေမှာ ပါဝင်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် နှစ်မျိုးကွဲနေပါတယ်… ပြည်ပမှာ အေးရာအေးကြောင်း ရည်မှန်းချက်ရှိရှိ နေထိုင်ပညာသင်ယူနေသူတွေက တော်ရုံတန်ရုံပါပဲ။ ထို့အပြင် တစ်ဖက်စောင်းမနင်းကြတဲ့အတွက် ငါးမင်းဆွေ တို့လို ဆောင်းပါးတွေအပြင် ဒေါ်စု၏ သမိုင်းကြောင်းကို ထောက်ကြည့်ပြီး တွေးခေါ်တတ်သွားသည်။ နောက်တစ်မျိုးက ပြည်ပမှာနေထိုင်ပါတယ်။ ဘာမှမသိပါဘူး… အမေစုလို့အော်ပါတယ်… တပ်မတော်သားတွေကို မကျေနပ်ဘူး… အမေစုဘက်ကရှိပါတယ်… အော်ပါတယ်… အော်နေလို့တော့ ဘာမှဖြစ်မလာပါဘူး။ နောက်တစ်ချက်က ထိုမိန်းကလေးတွေသည် အမှန်တကယ် မြန်မာနိုင်ငံကို မချစ်တတ်ကြပဲ နိုင်ငံခြားသားများနှင့် ရင်းနှီးစွာနေထိုင်ကြပြီး ချစ်ကျွမ်းဝင်နေတတ်ပါတယ်။ သူတို့ချစ်တာ မြန်မာပြည် ဖြစ်ချင်ဖြစ်လိမ့်မယ်။ လူမျိုးကိုတော့ မဟုတ်တော့ဘူး။ မြန်မာပြည် မပြန်ရလည်း ဘာမှမဖြစ်တော့တဲ့ သဘောမျိုးပေါက်နေတယ်။ နိုင်ငံခြားမှာကလည်း အခြေကျ စစ်ဗျုဟာကြီးတစ်ခု တည်ဆောက်ပြီးပြီးဆိုတော့ ဒေါ်စုလိုပဲပေါ့။ ကျွန်တော်အနေနဲ့တော့ ရွံ့ရှာမုန်းတီးမိပါတယ်… မရှိဘူးလို့ ငြင်းခုန်ချင်သူများ ရှိနိုင်ပါတယ်။ ကမ္ဘာမှာ နိုင်ငံခြားသားနှင့် အိမ်ထောင်ကျသူတွေ၊ ချစ်သူအဖြစ်အတူတကွ နေထိုင်နေတဲ့ နိုင်ငံခြားရောက် မြန်မာတွေ အများကြီးပါပဲ။ ဗုဒ္ဓဘာသာကို ယုံကြည်တယ်။ ကိုးကွယ်တယ်။ မြန်မာအ၀တ်အစားလေးနဲ့ ယဉ်ကျေးမှုအမွေတွေ ထိန်းသိမ်းပြီးနေတာ မြန်မာလူမျိုးပါ။ သနားတတ်တယ်။ ဂရုဏာထားတယ်။ မေတ္တာတရား သဒ္ဓါတရား ထက်သန်တဲ့ မြန်မာလူမျိုးတွေပါ။ ဒီလိုလူမျိုးဆိုတာ ကမ္ဘာမှာအရမ်း ရှားလွန်းပါတယ်။ ကိုယ့်နိုင်ငံမို့လို့ ပြောတာမဟုတ်ပါဘူး… လိုက်ရှာရင်တောင် နောက်တစ်နိုင်ငံ မရှိဘူးလို့ ယုံကြည်ပါတယ်။ ကျွန်တော်လေးစားမိတဲ့ အချက်က မြန်မာနိုင်ငံကို နည်းမျိုးစုံနဲ့ စီးပွားရေးတွေ ပိတ်ဆို့ဒုက္ခအမျိုးမျိုး ပေးတာတောင် ရပ်တည်နေနိုင်တာပါပဲ။ ဒီလောက်ဆိုရင် အင်အားကြီးနိုင်ငံတွေ သဘောပေါက်နေလောက်ပါပြီး။

တစ်ချို့တွေက အမေရိကန်ကို အမေစုလိုပဲ အားကိုးနေကြတုန်းပဲ။ အမေရိကန်က မြန်မာနိုင်ငံကို ၀င်တိုက်ပါစေလို့ ဆုတောင်းပေးနေတဲ့လူတွေ၊ အော်စီက ၀န်ကြီးချုပ်ကို ဘယ်လိုတင်ပြမယ်၊ နော်ဝေးနိုင်ငံမှာ နိုင်ငံရေး လုပ်ဆောင်ချက်တွေ ညိုနှိုင်းမရတာတွေ ကနေဒါ၊ ထိုင်း၊ ဂျပန်၊ စင်္ကာပူမှာ အစည်းအဝေးတွေ လုပ်နေရပေမယ့် အချင်းချင်းလည်း ပြဿနာတက်နေတယ်လို့ ကြားသိရတာပဲ။ သူတို့ပါးစပ်ကတော့ အမြဲပြောပါတယ်။ မြန်မာနိုင်ငံကိုချစ်သည်။ မြန်မာပြည်မှာ နေချင်တယ်။ လုပ်နေတဲ့ အလုပ်တစ်ခုပါပဲ ပြင်ဖို့လိုအပ်တာ... မြန်မာမကောင်းကြောင်းလေ၊ မိန်းကလေးတွေက အမျိုးကို မထိန်းသိမ်းကြ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာက သက်ကြီးရွယ်အိုတွေနဲ့ အလုပ်မဖြစ်လို့ နိုင်ငံရေးသမားတွေက မလေးစားတော့တဲ့ အကြောင်းစုံလင်စွာနဲ့ပဲ တိုင်းပြည်ကို ၀ိုင်းဝန်းဖျက်ဆီးနေကြပါတယ်။

ဤလူတွေသည် သူတို့၏ အပြစ်တွေကို ဆေးကြောဖို့အတွက် ထောင်မလိုအပ်ပါ။ ကယ်တင်နိုင်မည်သူ တစ်ယောက်လိုအပ်နေသည်။ ထိုသူမှာ ဒေါ်စုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျွန်မတို့က ဘာပဲဖြစ်ဖြစ် ဒေါ်စုကိုပဲ အားပေးတယ်။ ဘယ်ပါတီတွေ မဲနိုင်နိုင်၊ အမျိုးသားဒီမိုကရေစီပါတီက လွတ်တော်မှာ ပါတာမပါတာ ကျွန်မတို့မသိဘူး… ဒေါ်အောင်ဆန်းစုကြည် အာဏာရမယ်ဆိုပြီး… ဘုမသိဘမသိ နိုင်ငံရေးယောင်ယောင် မိန်းကလေးတွေရှိနေပါတယ်။ ဒါပေမယ့် ဒေါ်စုသည် သူ့လုပ်ရပ်တွေအတွက် သူတာဝန်မယူ နိုင်သေးပါဘူး။

နိဂုံးချုပ်ပြောချင်တာက ဒေါ်စုလုပ်ရပ်တွေသည် ကွယ်လွန်သွားတဲ့ မိဘနှစ်ပါးကို အိုးမဲသုတ်သည်ဟု ဆိုလျှင် သူ့ကိုကြိုက်နှစ်သက်တဲ့ မိန်းကလေးတွေက ဒေါသဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေးတို့၏ အပြစ်များကို ပပျောက်အောင် လုပ်နိုင်သည်ကာ ရှေ့ဆောင်လမ်းပြ လုပ်ပေးခဲ့သည့် မြန်မာလူမျိုးအစစ်မှ ရင်ခုန်သံကို မထိန်းသိမ်းလိုက်နိုင်တဲ့ တိုင်းတပါးသား ရင်ခွင်ထဲက ဒေါ်စုကလေးနှစ်ယောက် မွေးပြထားလို့ပဲလေ...

ဒီအကြောင်းတွေနဲ့ ပတ်သတ်ပြီး မကျေနပ်ချက်တွေ ဖြစ်လာနိုင်ပါတယ်။ မတတ်နိုင်ပါဘူးလို့ ပြောပါရစေ… အဲဒါအမှန်တရားတွေပါပဲ... ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်လိုမျိုး မိန်းကလေးတွေ တိုင်းတပါးသားနဲ့ အိမ်ထောင်ကျပြီး ကလေးတွေမွေးသွားမယ်ဆိုရင် လူမျိုးလည်းပျက်မှာပဲ။ ဒေါ်စုသည်လည်း ဒီအမှားကို ပြင်လို့မရတော့ဘူး… မိန်းကလေးတွေက ဘာမှမသိဘူး… ဒေါ်စုမှာ ဘာအပြစ်မှ မရှိဘူး။ ဒေါ်စုသည် အရမ်းလေးစားစရာ ကောင်းပါတယ်လို့ အမြဲတမ်း ပြောတတ်လွန်းလို့ ဒီစာလေးဖြင့် အားလုံးသိအောင် သေသေချာချာ ရှင်းလင်းပြလိုက်ခြင်း ဖြစ်ပါတယ်… ဒေါ်စုလိုမျိုး မမှားသေးတဲ့ မိန်းကလေးအတွက် ဆင်ခြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်သူအားလုံး အမျိုးကိုချစ်ကြမှာပါ ဒါဆိုကျွန်တော်တို့တွေ အမျိုးဂုဏ်ကို စောင့်ထိန်းကြရအောင်လို့ ဆန္ဒပြုရင်း…………………….။

NPNGMMP

Tuesday, November 30, 2010

မြန်မာတို့၏ တူရိယာ(၅)ပါး

သက္ကရာဇ်(၉၀၀)ကျော်ခန့်က အစပြုပြီး တောင်ဖီလာဆရာတော်၏ မှတ်တမ်းအရ "အကဋ ၀ိဋက အာတဋတ ဃန်းသူသိရ" ဟု တူရိယာ ငါးပါးဖြစ်သည်။ သက္ကရာဇ် (၁၀၀၀)ကျော်လောက်တွင် မုံရွေးဆရာတော်၏ မှတ်စုအရ" ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်" ဟူသော တူရိယာ ငါးမျိုးဖြစ်ပြီးနောက်၊ သက္ကရာဇ်၉၁၂၀၀) မှ (၁၂၅၀)ခန့်တွင် ကြေး၊ ကြိုး၊ သားရေ၊ လေ၊ ရေ၊ လက်ခုပ် ဟူပြီး ခြောက်မျိုးဖြစ်လာသည်။

မြန်မာ့ တူရိယာငါးပါးကို အကြမ်းအားဖြင့် အုပ်စုနှစ်ခု ခွဲနိုင်သည်။ ထိုအုပ်စုမှာ အတီးတူရိယာအုပ်စုနှင့် အမှုတ်သူရိယာအုပ်စု စသည်တို့ ဖြစ်သည်။ အတီးတူရိယာဆိုသည်မှာ လက်ဖြင့်တီးရသော တူရိယာ၊ လက်ခတ်ဖြင့် ရိုက်ခတ်တီးရသော တူရိယာဟူပြီး နှစ်မျိုးတွေ့ရပါသည်။ သမိုင်းမတင်မီခေတ်က သားရေဖြင့်ပြုလုပ်သော ဗုံခေါ်စည်မပေါ်မီ ရှေးလူရိုင်းခေါ်သော ရှေးခေတ်လူသားတို့သည် ၀မ်းဗိုက်ကိုလည်းကောင်း၊ ပေါင်ကိုလည်းကောင်း၊ လက်ဖြင့် နရီမှန်ပုတ်ခတ်ခြင်းဖြင့် ဂီတသံကိုရရှိလေသည်။

ထိုမှတဆင့် တောတိရစ္ဆာန်များကို ပစ်ခတ်ပြီးရသော သားရေကို တီးမှုတ်သူတို့၏ ဒူးတွင် ဖုံးအုပ်လျက် အစွန်းစကို ခြေသလုံးနှင့် ပေါင်ကြားတွင် ညှပ်ကာတင်းမာအောင်ဆွဲကာ လက်ဖြင့်ဖြစ်စေ၊ တုတ်ချောင်းကလေးဖြင့်ဖြစ်စေ ရိုက်နှက်တီးခြင်းဖြင့် အသံထွက်ပေါ်ရလေသည်။ အလှမ်းကွာဝေးသော တစ်နေရာမှ တစနေရာသို့ သတင်းပို့ရာတွင် သစ်တုံးများ ရိုက်ခေါက်ခြင်း၊ ပိုမိုအသံမြည်စေရန် သစ်လုံးများကို အခေါင်းထွင်းပြီး တုံးခေါက်ခြင်း၊ အသံပြုခြင်း အစရှိသော ဆက်သွယ်ရေးကိစ္စများ ဆောင်ရွက်ကြရာမှ စတင်ကာ ရိုက်ခတ်သူရိယာကို စတင် အသုံးပြုခဲ့ကြောင်း ယူဆရသည်။

မြန်မာတွင် ဗြော၊ စည်း၊ ဗုံတောင်၊ ဗုံ၊ ပတ်လုံး၊ ဗုံရှည်၊ အိုးစည်၊ဒိုးပတ်၊ ဖားသည်၊ မောင်း၊ ပတ္တလား၊ စည်၊ ၀ါးလက်ခုပ်၊ ခွက်ခွင်း၊ လင်းကွင်း၊ တုံးမောင်း၊ ချူ၊ ကြေးစည်၊ ဆွဲလည်း၊ ခေါင်းလောင်း၊ စန္ဒရား စသော ကိရိယာများသည် ရိုက်ခတ်မှသာ အသံထွက်ပေါ်သော တူရိယာအမျိုးအစားတွင် ပါဝင်၏။

လက်နှင့်ရိုက်ခတ်ရသော ကြိုးတပ်တူရိယာများမှာ စောင်း၊ ဘင်ဂျို၊ ဂီတာ၊ ဒုံမင်း၊ ကြိုးနှင့် ပွတ်တိုက်တီးရသော တယော စသည်ဖြင့်ရှိလေသည်။ လေမှုတ်တူရိယာများတွင် နှဲ၊ ပလွေ၊ ချည်ချောင်း၊ ငြင်း၊ တံပိုး၊ ခရာ၊ တံရှည်၊
သံကောက်၊ တံမြွှာ၊ တုလောင်၊ ကျွဲနွားချိုအမျိုးမျိုး၊ ၀ါးလျှာခတ် စသဖြင့် တွေ့ရှိရပါသည်။

"တူရိယာအစ စည်ဗြောက ဂီတအစ အဲသံက" ဟု ဆိုရိုးစကားရှိခဲ့သည်။ နာဋကရတနကောသကျမ်းနှင့် မာဂဓအဘိဓါန်၊ တဂဓဋီကာ စသော ကျမ်းဟောင်းများတွင် ကြားခြင်းငါးပါး၊ တီးခြင်းခုနစ်ပါးကို ၀န်ကြီးပဒေသရာဇာခေတ်တွင် တီထွင်လာသည်။

နားဖြင့်ကြားရသော ငါးပါးမှာ သံဖျား၊ သံချပ်၊ တာ၊ တျော ဟူ၍ဖြစ်သည်။ သံစဉ်ခုနစ်မျိုးမှာ ညှင်းလုံး၊ အောက်ပြန်၊ ပုလဲ၊ ပဉ္စမ၊နှစ်သံ၊ ခြောက်သံ၊ သုံးသံဟူ၍ဖြစ်သည်။ အငြိမ့်တူရိယာ ခြောက်မျိုးမှာ တယော၊ မိကျောင်း၊ စောင်း၊ ငြင်း၊ ပတ္တလား၊ အောင်းကလေးတို့ ဖြစ်သည်။

မုံရွေးဆရာတော်၏မှတ်စုတွင် အောင်းကလေးကို ပုံသာကလေး ဟု ဆိုသည်။ အောင်းကလေးသည် ရှာမတွေ့သေး၊ အစပျောက်နေသည်။ ပါးစပ်ဖြင့် မှုတ်ရသော တံပိုးရှစ်မျိုးမှာ ခရာကောက်၊ ခရာမြွှာ၊ ချည်ချောင်း၊ တုလောင်၊ နှဲ၊ ပလွေ၊ ဖက်လိပ်၊ လက်တံရှည်တို့ဖြစ်သည်။

မြန်မာတို့၏ ကြေးတူရိယာ ဆယ်မျိုးကား ကြေးနင်း၊ ကြေးသည်၊ ကြေးပတ်၊ ကြေးအိုးသည်၊ နရည်းစရာ၊ ဆည်းလည်း၊ မောင်း၊ ခေါင်းလောင်း၊ ခွက်ခွင်း၊ စည်းစုပ်တို့ဖြစ်သည်။ မြန်မာတို့၏ စည်မျိုးဆယ့်နှစ်ပါးကား မြှောက်စည်၊ သံလွင်၊ စည်ဗြော၊ စည်ကြီး၊ ဒုံမင်း၊ စည်ဝန်း၊ စည်သေး၊ စည်ပုတ်၊ စည်ပန်းတောင်း၊ ပတ်သာ၊ တစ်ဖက်ပိတ်စည်၊ စည်အိုင် တို့ဖြစ်ပါသည်။

ရွှေဘုံနိဒါန်းနှင့် ကဗျာ့ဗန္ဒ သာရကျမ်းတို့တွင် ထိုဇမ္ဖူ့သပြေပင်ကို လေ့လာပြီး လေတိုက်သည့် အသံ၊ အခက်အရွက်ချင်း ထိခတ်သည့်အသံ၊ သပြေသီး ရေထဲကြွေကျသည့်အသံ၊ ရေမှပေါ်သည့်အသံတို့၏ သဘာဝအတိုင်း
ရှေ့နောက်စဉ်ဆက်မပြတ် ထွက်ပေါ်လာသော သာယာနာပျော်ဖွယ်ရှိသည်များကို နှုန်းစံနှိုင်းယှဉ်ကာ-
(၁)တံရှည်၊ တံမြွာ၊ သပြေသာ၊ခရာ၊ လင်းကွင်းမှာ လေလာသောကြောင့် ပင်စည်အကိုင်းအခတ်တို့ လေတိုက်သည့် အဟုန်၏အသံ

(၂)တံပိုး၊ ဒုံမင်းမှာ အကိုင်းအခတ်၊ အကွေးအ၀ိုက်ကို လေခတ်သောကြောင့် မြည်သောအသံ

(၃)ခရုသင်းမှာ မပြင်းမပြသော လေညှင်း၊ လေညံ့အသံ

(၄)နှဲကြီး၊ နှဲငယ်များမှာ လေပြင်းလေဟုန်တွင် အခတ်အရွက် တစ်ခုတစ်အုပ်ထည့်ပြီး
ပြိုင်သဖြင့် မပြင်းမည့် မြည်သည့်အသံ

(၅) လက်ချပ်မှာ ရွက်ချင်း၊ ခက်ချင်း ထိခိုက်သည့်အသံ

(၆) မြှောက်စည်မှာ ဇမ္ဖု့သပြေသီးတို့ ရှေ့နောက် မရှေးမနှောင်း ကြွေကျသည့်အသံ

(၇)စည်ဝန်းမှာ ဇမ္ဖု့သပြေသီးတို့သည် အများအပြား တစ်ပြိုင်နက် ရေသို့ကျသည့်အသံ

(၈)စည်ဗြောမှာ ဇမ္ဖု့သပြေသီး ရေမှပေါ်သည့်အသံ။ များကို သဒအသံပြုကာ တီးမှုတ်ဆောင်ရွက် ခဲ့သည်ဟုဆိုသည်။

မြန်မာ့ရိုးရာတူရိယာပစ္စည်းများပြပွဲ-၂၀၀၃(ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
ယဉ်ကျေးမှုဝန်ကြီးဌာန) စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

NPNGMMP

 
RSS FeedRSS Subscription!
Follow me!Follow me!