Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Tuesday, November 30, 2010

မြန်မာတို့၏ တူရိယာ(၅)ပါး

သက္ကရာဇ်(၉၀၀)ကျော်ခန့်က အစပြုပြီး တောင်ဖီလာဆရာတော်၏ မှတ်တမ်းအရ "အကဋ ၀ိဋက အာတဋတ ဃန်းသူသိရ" ဟု တူရိယာ ငါးပါးဖြစ်သည်။ သက္ကရာဇ် (၁၀၀၀)ကျော်လောက်တွင် မုံရွေးဆရာတော်၏ မှတ်စုအရ" ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်" ဟူသော တူရိယာ ငါးမျိုးဖြစ်ပြီးနောက်၊ သက္ကရာဇ်၉၁၂၀၀) မှ (၁၂၅၀)ခန့်တွင် ကြေး၊ ကြိုး၊ သားရေ၊ လေ၊ ရေ၊ လက်ခုပ် ဟူပြီး ခြောက်မျိုးဖြစ်လာသည်။

မြန်မာ့ တူရိယာငါးပါးကို အကြမ်းအားဖြင့် အုပ်စုနှစ်ခု ခွဲနိုင်သည်။ ထိုအုပ်စုမှာ အတီးတူရိယာအုပ်စုနှင့် အမှုတ်သူရိယာအုပ်စု စသည်တို့ ဖြစ်သည်။ အတီးတူရိယာဆိုသည်မှာ လက်ဖြင့်တီးရသော တူရိယာ၊ လက်ခတ်ဖြင့် ရိုက်ခတ်တီးရသော တူရိယာဟူပြီး နှစ်မျိုးတွေ့ရပါသည်။ သမိုင်းမတင်မီခေတ်က သားရေဖြင့်ပြုလုပ်သော ဗုံခေါ်စည်မပေါ်မီ ရှေးလူရိုင်းခေါ်သော ရှေးခေတ်လူသားတို့သည် ၀မ်းဗိုက်ကိုလည်းကောင်း၊ ပေါင်ကိုလည်းကောင်း၊ လက်ဖြင့် နရီမှန်ပုတ်ခတ်ခြင်းဖြင့် ဂီတသံကိုရရှိလေသည်။

ထိုမှတဆင့် တောတိရစ္ဆာန်များကို ပစ်ခတ်ပြီးရသော သားရေကို တီးမှုတ်သူတို့၏ ဒူးတွင် ဖုံးအုပ်လျက် အစွန်းစကို ခြေသလုံးနှင့် ပေါင်ကြားတွင် ညှပ်ကာတင်းမာအောင်ဆွဲကာ လက်ဖြင့်ဖြစ်စေ၊ တုတ်ချောင်းကလေးဖြင့်ဖြစ်စေ ရိုက်နှက်တီးခြင်းဖြင့် အသံထွက်ပေါ်ရလေသည်။ အလှမ်းကွာဝေးသော တစ်နေရာမှ တစနေရာသို့ သတင်းပို့ရာတွင် သစ်တုံးများ ရိုက်ခေါက်ခြင်း၊ ပိုမိုအသံမြည်စေရန် သစ်လုံးများကို အခေါင်းထွင်းပြီး တုံးခေါက်ခြင်း၊ အသံပြုခြင်း အစရှိသော ဆက်သွယ်ရေးကိစ္စများ ဆောင်ရွက်ကြရာမှ စတင်ကာ ရိုက်ခတ်သူရိယာကို စတင် အသုံးပြုခဲ့ကြောင်း ယူဆရသည်။

မြန်မာတွင် ဗြော၊ စည်း၊ ဗုံတောင်၊ ဗုံ၊ ပတ်လုံး၊ ဗုံရှည်၊ အိုးစည်၊ဒိုးပတ်၊ ဖားသည်၊ မောင်း၊ ပတ္တလား၊ စည်၊ ၀ါးလက်ခုပ်၊ ခွက်ခွင်း၊ လင်းကွင်း၊ တုံးမောင်း၊ ချူ၊ ကြေးစည်၊ ဆွဲလည်း၊ ခေါင်းလောင်း၊ စန္ဒရား စသော ကိရိယာများသည် ရိုက်ခတ်မှသာ အသံထွက်ပေါ်သော တူရိယာအမျိုးအစားတွင် ပါဝင်၏။

လက်နှင့်ရိုက်ခတ်ရသော ကြိုးတပ်တူရိယာများမှာ စောင်း၊ ဘင်ဂျို၊ ဂီတာ၊ ဒုံမင်း၊ ကြိုးနှင့် ပွတ်တိုက်တီးရသော တယော စသည်ဖြင့်ရှိလေသည်။ လေမှုတ်တူရိယာများတွင် နှဲ၊ ပလွေ၊ ချည်ချောင်း၊ ငြင်း၊ တံပိုး၊ ခရာ၊ တံရှည်၊
သံကောက်၊ တံမြွှာ၊ တုလောင်၊ ကျွဲနွားချိုအမျိုးမျိုး၊ ၀ါးလျှာခတ် စသဖြင့် တွေ့ရှိရပါသည်။

"တူရိယာအစ စည်ဗြောက ဂီတအစ အဲသံက" ဟု ဆိုရိုးစကားရှိခဲ့သည်။ နာဋကရတနကောသကျမ်းနှင့် မာဂဓအဘိဓါန်၊ တဂဓဋီကာ စသော ကျမ်းဟောင်းများတွင် ကြားခြင်းငါးပါး၊ တီးခြင်းခုနစ်ပါးကို ၀န်ကြီးပဒေသရာဇာခေတ်တွင် တီထွင်လာသည်။

နားဖြင့်ကြားရသော ငါးပါးမှာ သံဖျား၊ သံချပ်၊ တာ၊ တျော ဟူ၍ဖြစ်သည်။ သံစဉ်ခုနစ်မျိုးမှာ ညှင်းလုံး၊ အောက်ပြန်၊ ပုလဲ၊ ပဉ္စမ၊နှစ်သံ၊ ခြောက်သံ၊ သုံးသံဟူ၍ဖြစ်သည်။ အငြိမ့်တူရိယာ ခြောက်မျိုးမှာ တယော၊ မိကျောင်း၊ စောင်း၊ ငြင်း၊ ပတ္တလား၊ အောင်းကလေးတို့ ဖြစ်သည်။

မုံရွေးဆရာတော်၏မှတ်စုတွင် အောင်းကလေးကို ပုံသာကလေး ဟု ဆိုသည်။ အောင်းကလေးသည် ရှာမတွေ့သေး၊ အစပျောက်နေသည်။ ပါးစပ်ဖြင့် မှုတ်ရသော တံပိုးရှစ်မျိုးမှာ ခရာကောက်၊ ခရာမြွှာ၊ ချည်ချောင်း၊ တုလောင်၊ နှဲ၊ ပလွေ၊ ဖက်လိပ်၊ လက်တံရှည်တို့ဖြစ်သည်။

မြန်မာတို့၏ ကြေးတူရိယာ ဆယ်မျိုးကား ကြေးနင်း၊ ကြေးသည်၊ ကြေးပတ်၊ ကြေးအိုးသည်၊ နရည်းစရာ၊ ဆည်းလည်း၊ မောင်း၊ ခေါင်းလောင်း၊ ခွက်ခွင်း၊ စည်းစုပ်တို့ဖြစ်သည်။ မြန်မာတို့၏ စည်မျိုးဆယ့်နှစ်ပါးကား မြှောက်စည်၊ သံလွင်၊ စည်ဗြော၊ စည်ကြီး၊ ဒုံမင်း၊ စည်ဝန်း၊ စည်သေး၊ စည်ပုတ်၊ စည်ပန်းတောင်း၊ ပတ်သာ၊ တစ်ဖက်ပိတ်စည်၊ စည်အိုင် တို့ဖြစ်ပါသည်။

ရွှေဘုံနိဒါန်းနှင့် ကဗျာ့ဗန္ဒ သာရကျမ်းတို့တွင် ထိုဇမ္ဖူ့သပြေပင်ကို လေ့လာပြီး လေတိုက်သည့် အသံ၊ အခက်အရွက်ချင်း ထိခတ်သည့်အသံ၊ သပြေသီး ရေထဲကြွေကျသည့်အသံ၊ ရေမှပေါ်သည့်အသံတို့၏ သဘာဝအတိုင်း
ရှေ့နောက်စဉ်ဆက်မပြတ် ထွက်ပေါ်လာသော သာယာနာပျော်ဖွယ်ရှိသည်များကို နှုန်းစံနှိုင်းယှဉ်ကာ-
(၁)တံရှည်၊ တံမြွာ၊ သပြေသာ၊ခရာ၊ လင်းကွင်းမှာ လေလာသောကြောင့် ပင်စည်အကိုင်းအခတ်တို့ လေတိုက်သည့် အဟုန်၏အသံ

(၂)တံပိုး၊ ဒုံမင်းမှာ အကိုင်းအခတ်၊ အကွေးအ၀ိုက်ကို လေခတ်သောကြောင့် မြည်သောအသံ

(၃)ခရုသင်းမှာ မပြင်းမပြသော လေညှင်း၊ လေညံ့အသံ

(၄)နှဲကြီး၊ နှဲငယ်များမှာ လေပြင်းလေဟုန်တွင် အခတ်အရွက် တစ်ခုတစ်အုပ်ထည့်ပြီး
ပြိုင်သဖြင့် မပြင်းမည့် မြည်သည့်အသံ

(၅) လက်ချပ်မှာ ရွက်ချင်း၊ ခက်ချင်း ထိခိုက်သည့်အသံ

(၆) မြှောက်စည်မှာ ဇမ္ဖု့သပြေသီးတို့ ရှေ့နောက် မရှေးမနှောင်း ကြွေကျသည့်အသံ

(၇)စည်ဝန်းမှာ ဇမ္ဖု့သပြေသီးတို့သည် အများအပြား တစ်ပြိုင်နက် ရေသို့ကျသည့်အသံ

(၈)စည်ဗြောမှာ ဇမ္ဖု့သပြေသီး ရေမှပေါ်သည့်အသံ။ များကို သဒအသံပြုကာ တီးမှုတ်ဆောင်ရွက် ခဲ့သည်ဟုဆိုသည်။

မြန်မာ့ရိုးရာတူရိယာပစ္စည်းများပြပွဲ-၂၀၀၃(ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
ယဉ်ကျေးမှုဝန်ကြီးဌာန) စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

NPNGMMP

Loading...

 
RSS FeedRSS Subscription!
Follow me!Follow me!