Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Sunday, October 24, 2010

မြန်မာနိုင်ငံအလံဟောင်းနှင့်အလံသစ်


အနီရောင်သည် ရဲရင့်ခြင်း
အပြာရောင်သည် ငြိမ်းချမ်းခြင်း
အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း
အရွယ်တူကြယ်ဖြူ(၁၄)လုံးသည် ပြည်နယ်နှင့်တိုင်း(၁၄)ခု
စပါးနှံသည် တောင်သူလယ်သမားများကို ကိုယ်စားပြုသည်။
ပင်နယံသည် အလုပ်သမားများကို ကိုယ်စားပြုသည်။


အဝါရောင်က စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာ ကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့်
တိုင်းရင်းသား အားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှု ရှိခြင်း၊
အစိမ်းရောင်က မြေဆီသြဇာ ကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်း သာယာ၍
စိမ်းလန်းစိုပြည်သည့် နိုင်ငံဖြစ်ခြင်း
အနီရောင်က ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း၊
အဖြူရောင်က သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ် မှန်ကန်ခြင်း၊ ဂရုဏာတရား ပြည့်ဝခြင်းနှင့်
စွမ်းအင်ပြည့်စုံခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်ပါသည်
မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ်
အလံကို အလေးအမြတ်ပြု ဖော်ညွှန်းခြင်းလည်း ဖြစ်ပါသည်။

0 comment:

Comment here

သင့်အကြံပြုချက်တွေကို လေးစားစွာ ဖတ်ရှုပေးပါမည်။ ကျေးဇူးတင်ပါသည်။

Pages 111234 »

 
RSS FeedRSS Subscription!
Follow me!Follow me!