လောကနီတိဆိုတာ ပါဠိစကားဖြစ်ပြီး မြန်မာလိုဘာသာပြန်ရသော် "လူ့ဘောင်လောက၏ ရှေ့ဆောင်လမ်းပြ" ဟု အဓိပ္ပာယ်ရသည်.. လူတွေအပြောများနေတဲ့ စာအုပ်တစ်အုပ်ပါ... သိတဲ့လူအတွက် ကိစ္စမရှိပေမယ့် မသိသေးတဲ့ လူတွေအတွက်တော့ အရေးကြီးပါတယ်။ လောကလူသားတို့၏ သိမှတ်လိုက်နာသင့်သော ကျင့်ဝတ်များ၊ လူစည်းကမ်းများဆိုင်ရာ ညွှန်ကြားချက်များ စုစည်းထားသော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ လူ့ဘောင်လောကတွင် အကျုံးဝင်သူတိုင်း အတွက် ကျန်းမာရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အသိပညာ ရှာဖွေဆည်းပူးရေးမှစတင်၍ အခန်းကဏ္ဍစုံလင်စွာ ရှေ့ဆောင် လမ်းပြပြုပေးနေသဖြင့် လောကနီတိ ဟူသောအမည်ဖြင့် လိုက်ဖက်လှပါပေသည် ဟူ၍ဖော်ပြထားသည်။ ဤစာအုပ်တွင် အပြောအဆို အနေအထိုင် ယဉ်ကျေးမှု စသည့် အချက်ပေါင်း ၁၉၀ ကို မြန်မာ အင်္ဂလိပ် ပြန်ဆိုထားပါသည်။ ဆရာကြီးတက်တိုးရေးသားသည့် လောကနီတိ စာအုပ်ကို စာဖတ်သူများ အသိပညာတိုးပွား အောင် လက်ဆင့်ကမ်း ဖော်ပြလိုက်ပါသည်....။
လောကနီတိ(တက်တိုး)
ကျေးဇူးတင်ပါသည်။
NPNGMMP
0 comment:
သင့်အကြံပြုချက်တွေကို လေးစားစွာ ဖတ်ရှုပေးပါမည်။ ကျေးဇူးတင်ပါသည်။