Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Sunday, November 21, 2010

ကိုယ်အကုသိုလ်လုပ်တိုင်း သူတပါးတွေပါ မခေါ်ပါနဲ့ (သို့မဟုတ်) သူတပါးမကောင်းတာလုပ်တိုင်း ကိုယ်မပါဝင်အောင် ကြိုးစားကြပါ

လောကကျက်သရေဆိုတာ လူတွေအပေါ်မှာသာ မှုတည်နေတာပါ... သက်ကြီးရွယ်အို မပြောနဲ့ ကိုယ့်ထက် တစ်ရက်ကြီး တစ်နှစ်ကြီး အသက်၊၀ါ ကြီးရင့်သူ ပုဂ္ဂိုလ်တွေကို လေးစားလွန်းတဲ့ မြန်မာလူမျိုးတွေက ဦးသန်းရွှေ နှင့် နိုင်ငံတော်အကြီးအကဲများကို ယုတ်ညံ့သော ပုံများဖြင့် ယုတ်မာမိုက်ရိုင်းပြီး ညစ်ညမ်းသောပုံများ၊ လူမြင်မကောင်းသော စကားများဖြင့် ဆဲဆိုတတ်ကြလေသည်။ အဲဒါသည် အပ္ပာယ်လားမည် သူများလုပ်ရပ်ဖြစ်ပါသည်။ ထို့အပြင် မြန်မာတွေ အများစုသည် ဤသို့လုပ်ခြင်းကို အားပေးအားမြောက် လုပ်နေတတ်ကြသည်။ ဘုရားတရားမသိ၊ မိုက်မဲခြင်း စားသုံးတတ်သူတွေကို ကူညီပေးသဖြင့် မကောင်းမှုကို မသိမသာ ကျူးလွန်မိနေကြတာပါ။ ဆင်ခြင်သင့်တာတွေကို အခုသိရင် ပြင်ဆင်ကြပါ။

လူကြီးသည် လူကြီးပါပဲ … ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းပုံများနှင့် ဖြတ်ညုပ်ကပ်လုပ်ရင် ဘယ်လို လုပ်ကြမလဲ... နံပါတ်(၁) သူ့မိသားစု ခံနိုင်မလား… နံပါတ်(၂) သူနှင့်ပတ်သတ်ရာ ပတ်သတ်ကြောင်း လူများ ကျေနပ်နိုင်မလား ဒီနှစ်ချက်ကို ကျွန်တော်တို့တွေက စဉ်းစားမိသည် အဲလိုပဲ နိုင်ငံတော် အကြီးအကဲတွေကို ယုတ်မာရိုင်းစိုင်းမယ့် အချိန်မှာဒါမျိုး နိုင်ငံေ၇းသမားတွေမှာ စိတ်ကူးမရှိကြဘူး။ ဒါကြောင့် ယုတ်မာရိုင်းစိုင်း ကြတယ်။ အင်တာနက်မှာ ကြိုက်သလို ရှာကြည့်နိုင်တယ်။ မိန်းကလေးတွေ အနေဖြင့် ကြည့်ရှုဖို့တောင် မတန်ဘူး။ အဲဒါ ကျွန်တော်တို့ မြန်မာလူမျိုးတွေပဲ မိုက်ရိုင်းထားတာ။ ပေါ်တင် ရိုင်းထားကြတာပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းပြည်အကြီးအကဲတွေနဲ့ မနှိုင်းယှဉ်သင့်ပါဘူး။ သူ့အကြောင်းနဲ့သူပါပဲ။ သူ့တို့တွေရဲ့ ဆက်ဆံရေးကို ဘယ်သူမှ သူတို့လောက် မသိကြဘူး။

လူတွေက ၀ါဒဖြန့်ကြတယ်… တပ်မတော်က ရိုင်းစိုင်းတယ်တဲ့ ရိုင်းစိုင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပုံတွေ ရစရာတောင် ရှိမှာမဟုတ်ဘူး။ ဘယ်သူတွေ ရိုင်းစိုင်းနေကြသလဲ လိုက်ကြည့်နိုင်ပါတယ်။ အထူးသဖြင့် ရုရှားမှာ ကျောင်းတက်နေတဲ့ စစ်ဗိုလ်တွေ ဓာတ်ပုံတင်တာကို လိုက်ချောင်းနေတတ်ကြတယ်။ ပြီးရင် ဓာတ်ပုံကိုယူတယ်… ဖြတ်ညုပ်ကပ် လုပ်တယ်။ ဒါမှမဟုတ် သတင်းကို အမှားရေးတယ်။ အင်မတန် ယုတ်ညံလွန်းပါတယ်။ ဒါတွေကို မသိတဲ့လူတစ်ယောက် အနေနဲ့ အဟုတ်တွေ ထင်သွားတတ်ကြတယ်။ အခုလိုသိသွားပြီးရင်တော့ အားလုံး နားလည်ကြမယ် ထင်ပါတယ်။ အမှန်တရားတွေကို ပြောပြနေတာပါ။ ဒီစာဖတ်ရတဲ့အချိန်မှာ အဲဒီလူတွေအတွက်တော့ အထိနာချင် နာလိမ့်မယ်။ ဆဲချင်ဆဲလိမ့်ပါမယ်… ဒါပေမယ့် သူတို့ပဲ အကုသိုလ်ရကြမှာပါ။ ကုသိုလ်နဲ့ အကုသိုလ်တရားလည်း ကောင်းကောင်း သိကြမယ့်ပုံ မပေါ်ပါဘူး…

အမှန်တကယ်ပြောရရင် ရိုင်းစိုင်းတယ်လို့ ဝေဖန်ခံနေရတဲ့ တပ်မတော်သားတွေက စိတ်ဓာတ်မြင့်မြတ်ပါတယ်။ သူတို့လုပ်သလိုမျိုး လုပ်ဖို့အတွက် တပ်မတော်ဘက်က စိတ်ကူးတောင် ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာကို ဘယ်သူက ဘယ်လောက် ရိုသေသလဲ... မေတ္တာတရား ဘယ်သူက ပိုသလဲဆိုတာ သိနိုင်တယ်။ ဘယ်သူတွေက ပိုယဉ်းကျေးသလဲဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး... မြန်မာလူမျိုးတွေက ကိုယ့်အဖေလောက်ရှိတဲ့ လူကိုမရိုမသေ မလေးမစားတဲ့အပြင် မနှိုင်းကောင်းစရာတွေနဲ့ ခိုင်းနှိုင်းသူတွေကို အားပေးအားမြောက် လုပ်ကြတယ်... ဖြစ်သင့် မဖြစ်သင့်ဆိုတာ ပြောဖို့တောင် မလိုဘူး... ဗုဒ္ဓက အဲလိုမလုပ်ခိုင်းခဲ့ဘူး။

မြတ်စွာဘုရား ဘုရားစဖြစ်ခါစတုန်းက ဟောခဲ့တဲ့ တရားသည် အစွန်းနှစ်ဘက်ကို လွတ်အောင် လျှောက်ပြီး အလယ်လမ်းကို ရွေးခိုင်းခဲ့တာပဲ...။ လူတွေဗျာ... တော်တော်ကို မုန်းဖို့ကောင်းပါတယ်... ကိုယ်ချင်းစာ တရားလုံးဝကို မရှိကြဘူး... အတိုက်အခံ အချင်းချင်းပဲ အဲလိုအောက်တန်းကျပြီး လူကြီးတစ်ယောက်ကို လုပ်လိုက်လို့ နိုင်ငံတော်ကြီး ပြောင်းလဲသွားမှာလား... မိန်းမအင်္ဂါတွေ ယောင်္ကျားအင်္ဂါတွေနဲ့ ရုပ်ဖျက်မှ ကိုယ်လိုချင်တာရတာလား... ဗုဒ္ဓဘာသာကို အရောင်ချယ်နေတဲ့ လူတွေပဲ။ မြန်မာတွေ သတိထားကြပါ... နိုင်ငံရေးတွေထဲမှာ ဗုဒ္ဓဘာသာကိုပါ စနစ်တကျ ဖျက်စီးလာကြပြီး... လူတစ်ယောက်ကို မကျေနပ်တာနဲ့ ဗုဒ္ဓကို ခုတုံးလုပ်ပြီး စော်ကားလာတာကိုပါ လက်ခံတတ်လာကြပြီးနော်... ယောင်ပြီး လုပ်နေတဲ့ လူတွေ စဉ်းစားကြပါ။ ဓမ္မနဲ့ယှဉ်ပါ။

ဓမ္မသည် ဗုဒ္ဓရဲ့အဆုံးအမပဲ ရန်ကိုရန်ခြင်း မတုံ့ပြန်ခိုင်းခဲ့ပါဘူး မေတ္တာထားဖို့ကိုသာ ပြောခဲ့တာပါ... ရှင်းရှင်းလေး တွေးကြည့်လို့ရပါတယ်။ ရန်ဖြစ်တာသည် ကောင်းလား မကောင်းလား မကောင်းဘူးဆိုရင် ဒါဟာ အကုသိုလ်ပဲဖြစ်တယ်။ အကုသိုလ်ဆိုတာ လုပ်ရမှာလား မလုပ်ရဘူးလား... အားပေးသင့်လား အားမပေးသင့်ဘူးလား ဆိုတာကို သေချာစဉ်းစား စေချင်တယ်။ မသိလို့ လုပ်လိုက်ပေမယ့်... ဘာသာတရားကို တဖြည်းဖြည်းနဲ့ ကိုယ်တိုင် စော်ကားနေကြခြင်းပဲ ဖြစ်လာရတယ်... တတ်နိုင်သလောက် ကံ၊ဥာဏ်၊၀ိရိယ ထဲက ဥာဏ်ကိုသုံးပြီး အလုပ်လုပ်ကြပါ... မကောင်းမှုသည် လုပ်ရတာ လွယ်ကူပါသည်။ ဦးသန်းရွှေနှင့် ကျွန်တော်နှင့် ဘာမှမတော်ဘူး မြင်တောင်မမြင်ဖူးဘူး.... ဒါပေမယ့် ကိုယ့်အဖေ ကိုယ့်ဦးလေး ကိုယ့်အဘိုးလို နေရာမျိုး ထားပြီး ကိုယ်ချင်းစာတတ်ရမည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ကျွန်တော်နှင့် ဘာမှမတော်ပါ။ ဒါပေမယ့် ဤကဲ့သို့ အမေ၊ အဒေါ်၊ အဘွားနေရာလောက် ထားပြီး စဉ်းစားကြည့်တဲ့ အခါ ယုတ်ညံ့တဲ့အလုပ်ကို လုပ်ချင်စရာ မရှိဘူး... ဒါဟာ ကိုယ်ချင်းစာတရားပါပဲ...

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ သူ့ကိုလေးစားရမယ်လို့လည်း စိတ်ထဲမှာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်သာမာန် လူတစ်ယောက်လို့ပဲ မြင်ပါတယ်။ မကျေနပ်တဲ့ အရာတစ်ခုပဲ ရှိပါတယ်။ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဘာသာခြားကို ယူတာ မကောင်းဘူး ဆိုတာကိုတော့ ဟိုတလောက တရားထဲမှာ နာဖူးပါတယ်။ ရှင်းရှင်းပြောရရင် အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံက သမာအာဇီဝလုပ်စားတဲ့ ဆိုဒ်ကားသမားဖြစ်ဖြစ် ယူထားရင်တောင် အပြည့်အ၀ ထောက်ခံနိုင်တယ်။ အခုတော့ ကျွန်တော်တို့လို အမျိုးချစ်တဲ့လူတွေအတွက် အဲဒါက စိတ်ထဲမှာ ခုနေတယ်။ ဗိုလ်ချုပ်ကိုတော့ အစဉ်အမြဲ လေးစားလျှက်ပါပဲ။ ဒါပေမယ့် သူ့ကို အရောင်မှေးမှိန်အောင် လုပ်ဆောင်နေသူ မှန်သမျှကို ကျွန်တော်မုန်းပါတယ်။ ဒါဟာဗိုလ်ချုပ်ကို ချစ်လို့ပါ။ ဗိုလ်ချုပ်ကို ချစ်လွန်းလို့ ဗိုလ်ချုပ်သမီး လုပ်သမျှ ပြောသမျှကို ဇွတ်ယုံတတ်တဲ့ မြန်မာလူမျိုး ဗုဒ္ဓ၀င်တစ်ယောက်တော့ မဟုတ်ပါဘူး။ လုပ်ချင်တိုင်း လုပ်ပြီးမှ မြန်မာနိုင်ငံကို ဒီမိုကရေစီရအောင် လုပ်မယ်ဆိုတာက ယုံကြည်မှု အားနည်းနေပါတယ်။ မသိလို့ တစ်ခုပဲ မေးပါရစေ… မြန်မာနိုင်ငံကို ဒီမိုကရေစီရအောင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ လုပ်နိုင်တယ်လို့ ယုံကြည်ထားကြလား။ အဲဒါဆိုရင် ထပ်မေးလိုက်ချင်သေးတယ်… မြန်မာနိုင်ငံဒီမိုကရေစီရဖို့ အမေရိကန်နိုင်ငံသားကို အိမ်ထောင်ပြုဖို့ ပါပါသလား… ဒါမှမဟုတ် နိုင်ငံခြားသား ကလေးနှစ်ယောက် မွေးထားရမယ်လို့ ပြည်သူတွေက အမိန့်ပေးထားတာလား… ဒါကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ အထိန်းအသိမ်းကိုပဲ ခံမယ်လို့ပြောထားလို့ပါ…။ ပြည်သူကပဲ ထိန်းသိမ်းလို့ နိုင်ငံခြားသားနဲ့ ယူလိုက်ရသလိုပါပဲဗျာ…။ အထင်လည်းမကြီးပါဘူး အထင်လည်းမသေးပါဘူး… ဒါပေမယ့် လေးစားမှု မရှိပါဘူး။ ကျွန်တော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် မြန်မာလူမျိုး စစ်စစ်တစ်ယောက် ဖြစ်နေလို့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းလိုပဲ ဗုဒ္ဓဘာသာပါ… တိုင်းတပါးကို ဘယ်တော့မှ အထင်မကြီးတဲ့လူမျိုးပါ။ တစ်ခုပဲ သေချာသိချင်ပါတယ် မြန်မာနိုင်ငံကို ချိုးနိမ်ပြီး ပိတ်ပင်ထားတဲ့ မြန်မာတွေ မုန်းတဲ့ အမေရိကန်နိုင်ငံမှ အမေရိကန်နိုင်ငံသား တစ်ယောက်ကို ဘာလို့ လက်ထက်ရတာလဲ… မြင့်မြတ်တဲ့ မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာကို အထင်မကြီးတာလား… ဘာသဘောလဲ ဆိုတာလေးတော့ သိဖို့တော့ လိုအပ်ပါတယ်။

လူတစ်ယောက်ကို အထင်မကြီးရင် နေပါ အထင်သေးခြင်း၊ ပြစ်မှားခြင်းများသည် သဘောထား သေးသိမ်းသူများ ယုတ်ညံ့သူများ အသိဥာဏ်နုံ့ချာသူများ၏ လုပ်ရပ်သာ ဖြစ်ပါသည်။ ထို့ကြောင့် ဘုမသိဘမသိ ဦးသန်းရွှေကို မကျေနပ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို မကျေနပ်ကြတိုင်း နစ်နာအောင် လုပ်ကြတာဟာ ဗုဒ္ဓဘာသာတစ်ယောက် မဟုတ်ပါဘူး... ဒီလိုလူတွေကို အားပေးနေတဲ့ သူတွေသည်လည်း ဗုဒ္ဓဘာသာ တစ်ယောက် မဖြစ်နိုင်ဘူး...။ ကိုယ်သည် ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်တယ် မြန်မာလူမျိုးတစ်ယောက် ဖြစ်တယ်ဆိုရင် ကိုယ်ပိုင် စဉ်းစားပြီး မပုတ်ခတ်ကြပါနဲ့... လူ့ဘောင်လူ့လောကက ချမှတ်ထားတာတဲ့ စည်းကမ်းများကို လိုက်နာကျင့်သုံးကြပါ။ ဘယ်သူအကျင့် ပြတ်ပြတ် ကိုယ်မပြတ်ဖို့ကိုသာ ဦးစားပေး ကျင့်ကြံ ကြပါလို့ အကြံပေးပါရစေ...။

NPNGMMP

 
RSS FeedRSS Subscription!
Follow me!Follow me!