Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Sunday, November 21, 2010

သူကောင်းခဲ့ရင် သူ့ကိုကျွန်တော်လေးစားမှာပါ

အရမ်းကြိုက်လွန်းလို့ ပြန်လည်ဖော်ပြပေးရတာပါ။ ရေးတတ်ပါပေတဲ့ စာရေးသူ ကိုမောင်ရေ... အကယ်၍ ဆိုတာနဲ့တင် ဘ၀တစ်ခုလုံး ပါဝင်သွားတယ်ဗျာ... ဘာလုပ်ပေးခဲ့လို့ သူပါပဲလို့ ဖြစ်နေရတာလဲ... လူတွေကရော သူဟုတ်ပါတယ်လို့ ဘာလို့အော်နေကြတာလဲ... လိမ်နေတယ်၊ ညာနေတယ်လို့ မပြောချင်ပါဘူး။ ဒါပေမယ့် အဲဒါက နောင်တစ်ချိန်ရဲ့ အကျိုးခံစားမှုတွေ ဖြစ်လာမှာကို စဉ်းစားထားပေါ့။


ဒေါ်စုကိစ္စနဲ့ ပတ်သတ်ပြီး အခုတလော ကြားသိနေရတာတွေက သတင်းဆိုးတွေပဲ။ ဒေါ်စု ပြောလိုက်တဲ့ စကားတွေသည် သွေးခွဲတဲ့ စကား၊ နိုင်ငံတော် ဆူပူအောင်လုပ်နေတဲ့ စကား၊ အထက်လူကြီးတွေကို ပုန်ကန်နေတဲ့စကား၊ ပုန်ကန်လာချင်အောင် ပြည်သူတွေကို စည်းရုံးနေတဲ့စကား၊ ပြည်သူတွေ ပေးထားတဲ့ ရွေးကောက်ပွဲ ရလဒ်အဖြေကို မမှန်ကန်ဟုဆိုသည့် စကား၊ ပြည်သူကို မလေးစားခြင်း ပြည်သူကိုချစ်သည်ဟု ပါးစပ်ပြောပြီး သူ့ပြည်သူ (လာနားမထောင်သည့်လူ)၊ ငါ့ပြည်သူ (လာနားထောင်သည့်လူ) ဟု နှစ်ပိုင်းခွဲပြီး ရန်ဆောင်စေချင်သည့် စကား၊ ပြည်သူအချင်းချင်း သွေးခွဲသည့်စကား၊ သူ့အဖွဲ့အစည်း နှင့် တပ်မတော် အဖွဲ့အစည်း၊ ပြည်ခိုင်ဖြိုး အသင်းဝင်ထားသော အဖွဲ့စည်းများကို ခိုက်ရန်ဒေါသ ဖြစ်စေသော စကားများသာ နေ့စဉ်နေ့တိုင်း ပြောနေတာ တွေ့နေရပါတယ်။ ထိုအချက်အား ထောက်ခံသော အချက်မှာ အားမွေးထားကြ (ခန္ဓာကိုယ်အားရော)ဟု ခဏခဏ မှာလေ့ရှိတာ လူတိုင်းအသိ ဖြစ်ပါလိမ့်မယ်။ ဒုက္ခနှင့်ဘ၀ကို လှလှပပ ခံစားစေချင်ကြတယ်နဲ့ တူပါတယ်။


သဘောထားမတူတိုင်း ရန်သူလို့ သတ်မှတ်လို့ မရတာကို ဒေါ်စုအသက်အရွယ်နဲ့ဆို သိသင့်ပါတယ်။ အခုဖြစ်နေတာက အင်တာနက်မှာ နေ့တိုင်း မြင်တွေ့နေရတာ မချွင်းမချန်ပဲ ဒေါ်စုရဲ့ သတင်းတွေပါပဲ။ နေလို့ထိုင်လို့တော့ ကောင်းနေမယ့် ပုံပေါက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိုက်လေးကိုင်ပြီး ဒါလုပ်ကြမယ် ဟိုနေ့ဖြစ်မယ်၊ ဒီနေ့ဖြစ်မယ်၊ အောက်ကလူတွေကလည်း ပြန်အော်ကြတယ်။ မြန်မာလူမျိုးတွေရဲ့ အားနည်းချက်ကို မြန်မာလူမျိုးက ပိုသိပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးလို့ သတ်မှတ် နေရတာ ကျွန်တော်တို့ လူမျိုးတွေ အတွက်နစ်နာတယ်။ စောင့်လေမျိုးနွယ်က အလကားလားဗျာ... အတုယူသင့်တာကို ယူတယ်ဆိုရင် မယူသင့်တာကိုရော မဖော်ထုတ်တတ်ကြဘူးလား။ ခွင့်လွတ်လို့ ရတဲ့အမှားမျိုးကို ခွင့်လွတ်နိုင်တယ်။ ခွင့်လွတ်လို့ မရတဲ့အမှားတွေကို လစ်လျှူရှုပြီး အပြစ်မရှိသလို အမှားမရှိလို ပြည်သူရှေ့မှာ ဟန်ရေးပြ လုပ်နေရင်တော့ နားလည်ပေးလို့ ရမယ်မထင်ပါဘူး။ ဦးနှောက်မရှိတဲ့ လူတွေရဲ့ လုပ်ရပ်လို့ မဆိုလိုချင်ပါဘူး။ သိမ်းသွင်းခံရတယ်လို့ပဲ ဆိုချင်ပါတယ်။ လမ်းကြုံရင် တစ်ခုလောက် မေးကြည့်လိုက်ပါအုံး... ဒေါ်စုကို သဘောမကျတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ အခြားပါတီအဖွဲ့အစည်းတွေ၊ ကျန်နေသေးတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေနှင့် ဘယ်ဘက်မှမလိုက်တဲ့ ပြည်သူတွေကရော ဘယ်လိုနေပေးရမှာလဲ... ထောက်ခံပါတယ်လို့ အော်ပေးရမှာလား... ဒေါ်စုလို နိုင်ငံခြားသား တစ်ယောက်နဲ့ အိမ်ထောင်မကျထားတော့လည်း ထောက်ခံပေးဖို့ ခက်မှာပေါ့... ဒီခံစားချက်တွေကို ဒေါ်စုပဲ နားလည်ဆုံး ဖြစ်ပါလိမ့်မယ်။ ဒေါ်စုကို လေးစားတယ်၊ အားကျတယ်ဆိုတဲ့ လူတွေက ဒီအချက်တွေ ဖြစ်နိုင်မယ်...။


အခုဖြစ်နေတာကို ပြောရရင် ပြည်သူတွေက ဘုန်းကြီးဟောတဲ့ တရားတွေထက် ဒေါ်စုပြောမယ့် စကားတွေကို အလေးထားနေသလိုပဲ။ တကယ်တော့ မျဉ်းပြိုင်တွေ ဖြစ်နေတယ်လို့ ယူဆနိုင်တယ်။ တကယ့် ၀ိနည်းနဲ့ညီတဲ့ ဆရာတော်တွေသည် အေးချမ်းမှုကိုပဲ ရှာကြတယ်။ တရားရဖို့သာ တရားပြကြ၏။ ထို့အပြင် ဆိုးသွမ်းမိုက်ရိုင်း လာမည့် ဒကာ၊ ဒကာမတွေကိုလည်း အလိုမရှိကြပါဘူး။ တိုင်းပြည်ကြီး အေးချမ်းနေတာကိုပဲ လိုလားကြတယ်။ ဒေါ်စုစကားပြောတာကို လိုက်နားထောင်တဲ့အတွက် အလုပ်ပျက်အကိုင်ပျက်တယ်။ အိမ်မှာဟင်းချက်နေတာ နိုင်ငံရေးဆိုမှတော့ အလုပ်ပျက်အကိုင်ပျက် လုပ်နေတာလဲ နိုင်ငံရေးပဲပေါ့။ ဒါပေမယ့် အောက်မှာရပ်နေတဲ့ ပြည်သူတွေကိုတော့ သနားတယ်ဗျာ... ဘာကြောင့်လဲဆိုတော့ ပူလောင်နေလို့ပဲ... မယုံရင်သေချာ ကြည့်ကြည့်ပါ... ဘာပြောပြော အော်နေရတယ်... မကြားတဲ့လူကလည်း လျှောက်အော်တယ်... တစ်ယောက်တစ်ပေါက်နဲ့ စည်းစနစ်ကို မရှိဘူး။ ပြီးတော့ နေကပူ၊ လူတွေက ပူးကပ်နေမှတော့ ပူလောင်ပြီးပေါ့... ဒါအပြင် ကျန်းမာရေးကိုပါ ထိခိုက်နိုင်တယ်။ အဲဒီတော့ ကျွန်တော်တို့လို ပြည်သူတွေ အနေနဲ့ ဘာလုပ်နေတာလဲ စဉ်းစားပါ။ လူတိုင်းကိုယ်လုပ်တာသည် ကျန်းမာရေး ထိခိုက်နေသလား... စားဝတ်နေရေး ထိခိုက်နေသလား... ဘာသာကို ထိခိုက်နေလား... ဒါမှမဟုတ် သာသနာပြန့်ပွားဖို့ လုပ်နေတဲ့ ဆရာတော်တွေရဲ့ စကားတွေကို ပယ်ရှားနေပြီးလားဆိုတာကို သေချာစဉ်းစားဖို့ လိုအပ်လာပါပြီး။ မြန်မာနိုင်ငံကို ချစ်တာလား... ဒီမိုကရေစီကို ချစ်တာလား... ဒီမိုကရေစီရဲ့ မိခင်တစ်ယောက် ဖြစ်ချင်တာလား... ဒီမိုကရေစီ နောက်ကအကျိုးဆက်ကို ခံစားချင်နေတာလား... ဒါတွေကိုတော့ တွေးခေါ်တတ်သူတိုင်း သိနိုင်လိမ့်မယ် ထင်ပါတယ်။


အကောင်းဆုံး စကားကို ပြောရမယ်ဆိုရင် ဒေါ်စုဥာဏ်သိပ်ကောင်းလို့ သိပ်တော်လို့ သူလိုလားတဲ့ ဒီမိုကရေစီ ရသွားတယ်ပဲ ထားပါအုံး မြန်မာနိုင်ငံကို သာသနာပြန့်ပွားအောင် တရားပြနေတဲ့ ဆရာတော်တွေ... ခင်ဗျားတို့ ကျွန်တော်တို့ကို ယဉ်းကျေးလိမ္မာလာအောင် သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေလောက် ဘာကျေးဇူးမှ မကြီးမားပါဘူး။ အဲဒီတန်ဖိုးနဲ့ နှိုင်းယှဉ်ပြီး တွေးတောကြစမ်းပါ။ ပညာတတ်တယ်ဆိုတာ ကိုယ်ပိုင် ဝေဖန်ပိုင်းခြားနိုင်တဲ့ ဥာဏ်ရှိရတယ်။ တွေးခေါ်တတ်ရမှာက ဒေါ်စုတစ်ယောက်ထဲ ဒီမိုကရေစီကို လုပ်နိုင်တာမဟုတ်သလို နိုင်ငံတော် အစိုးရတစ်ခုထဲနဲ့လည်း လုပ်လို့မရဘူး။ အခုလောလောဆယ်မှာ ဒီမိုကရေစီကို တက်ညီလက်ညီ အကောင်အထည် ဖော်ဆောင်ဖို့ပဲ လိုအပ်တယ်။ တကယ်လို့ ဒေါ်စုဖြစ်ချင်စိတ် အရမ်းရှိနေတယ်ဆိုရင် နောက်ထပ်ရွေးကောက်ပွဲ တစ်ကြိမ်(၄)နှစ်ကို စောင့်ပေါ့ဗျာ။ တစ်ချို့ဒေါ်စုကို လိုလားတဲ့ ပြည်သူတွေက လုပ်ထုံးလုပ်နည်း စနစ်ကို နားမလည်ကြဘူး။ ဒေါ်စုပြောတာကို ပါးစပ်အဟောင်းသာနဲ့ စောင့်နေကြရတာ။ ကျွန်တော်တစ်ခုလောက်တော့ ပြောပါရစေ... အဲဒါက ဘာကိုလေးစားလို့ လေးစားရမှန်း မသိတဲ့ အဖြစ်ဆိုးတွေက ကင်းဝေးနိုင်တဲ့ ပြည်သူတွေလည်း ဖြစ်ဖို့ လိုအပ်ပါတယ်။

"စကားများစွာပြောဆိုတိုင်းလည်း ပညာရှိမဖြစ်နိုင်

ဘေးရန်မရှိ ရန်မလာ ကြောက်ရွံ့မှုကင်းကွာသောသူကို

ပညာရှိဟူ၍ ခေါ်ဆိုအပ်၏"

်အောက်တွင် Facebook မှ တဆင့် တွေ့ရှိသော အကယ်၍ ဆိုတဲ့ စာသားလေးတွေကို ကြိုက်လို့ စာဖတ်သူတွေ သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။ သူရေးထားတာတွေက အချက်အလက် ကောင်းတွေ ဖြစ်နေတာကြောင့် ကျွန်တော် ရေးတဲ့အကြောင်းအရာလေးနဲ့ တိုက်ဆိုင်သွားတာပေါ့။ အောက်က ကဗျာရေးသူကို အထူးကျေးဇူးတင်ပါတယ်။

စာရေးစရာ နာမည်က
Maung
အကယ်၍.

အကယ်၍....
ဒေါ်စုသည်
အမျိုးအနွယ်ကို
စောင့်ထိမ်းခဲ့ရင်...

အကယ်၍...
ဒေါ်စုသည်
မြန်မာပြည်ကို
တကယ်ချစ်ခဲ့ရင်...

အကယ်၍...
ဒေါ်စုသည်
အစ်ကို
အရင်းကို
အစ်ကိုကြီး
အဖအရာ
ထားရမှန်းသိခဲ့ရင်...

အကယ်၍..
ဒေါ်စုသည်
သကြား နဲ့
ဆား
အရောင်တူသော်လည်း
အရည်အသွေး မတူပါလား..ဆိုတာကို
ခွဲခွဲ ခြားခြား
နားလည်ခဲ့ရင်...

အကယ်၍...
ဒေါ်စုသည်
ဘ၀ မမေ့
ဘ၀င်
မမြင့်ခဲ့ရင်...

အကယ်၍...
ဒေါ်စုသည်
လူမျိုးခြား
ဘာသာခြားနဲ့
အိမ်ထောင် မပြုခဲ့ရင်...

အကယ်၍...
ဒေါ်စုသည်
မိဘ
မျိုးရိုး
အစဉ်အလာကို
သစ္စာ
မဖောက်ခဲ့ရင်...

အကယ်၍...
ဒေါ်စုသည်
စောင့်လေ
မျိုးနွယ်
ဝံသာနုရက္ခိတ
ဗုဒ္ဓအဆုံးအမကို
လိုက်နာ
ကျင့်သုံးနိုင်ခဲ့မယ်ဆိုရင်...

အကယ်၍..
ဒေါ်စုသည်
ပြည်ပအားကိုး
ပုဆိန်ရိုး
ဘဝ
မရောက်ခဲ့ရင်...

အကယ်၍...
ဒေါ်စုသည်
အလုံးစုံ ပိတ်ဆို့ရေး
အလုံးစုံ ပျက်သုံးရေး
အလုံးစုံ ဆန့် ကျင်ရေး
အာဏာဟူသမျှ ဖီဆန်ရေး
တပ်မတော်အား
ထိပ်တိုက်ရင်ဆိုင်ရေး ဆိုတဲ့
အဖျက်လုပ်ရပ်များက

စွန့်လွှတ်ခဲ့မယ်ဆိုရင်....

အကယ်၍...
ဒေါ်စုသည်
ဆုပေါင်းများစွာကို
စုအကြောင်းတရားပါ..ဆိုပြီး
အောက်ခြေမလွတ်ခဲ့ရင်...

အကယ်၍...
ဒေါ်စုသည်
မြန်မာစကားပြော
မြန်မာအစားအစာတွေကို စား
မြန်မာ့လေကို ရှူ
မြန်မာ အ၀တ်အထည်တွေ
ဝတ်ထားသလောက်
မြန်မာစိတ်ရှိပြီး
မြန်မာအကြောင်းကို
အမှန်အတိုင်း သိခဲ့ရင်...

အကယ်၍..
ဒေါ်စုသည်
လူမျိုးခြား
ဘာသာခြား
တိုင်းတစ်ပါးသားတို့ရဲ့ရင်ခွင်
ကာမဂုဏ် ယစ်ပလ္လင်မှာ
ဘ၀ကို..
အမျိုးကို..
အသွေး
အသားကို..
အစဉ်အလာကောင်းတွေကို..
မြန်မာ့ယဉ်ကျေးမှုကို..
အဆုံးရှူံး မခံခဲ့ဘူးဆိုရင်...

အကယ်၍..
ဒေါ်စုသည်
နိုင်ငံတော် အဏာကို
ဖြတ်လမ်းက
မလိုက်ခဲ့မိရင်....

အကယ်၍..
ဒေါ်စုသည်
မျိုးချစ်တပ်မတော် နဲ့
အတူလက်တွဲ
ခဲ့မယ်ဆိုရင်...

အကယ်၍...
ဒေါ်စုသည်
"ပြည့်အင်အားသည်
ပြည်တွင်းမှာသာ
ရှိသည်"
ဆိုတာကို သဘောပေါက် နားလည်ခဲ့ရင်...

အကယ်၍
...
ဒေါ်စုသည်
"ဘေးပြောတာကို မယုံဘဲ
သွေးပြောတာကို
ယုံခဲ့ရင်"

ခုတော့ ရွှေမြန်မာပေါင်းတို့ ရေ...
သရဖူကိုသာ
ဆောင်းကြပေတော့
၂၀၁၀ မှာပေါ့..

ဒါကြောင့်...
ရွှေချစ်ပေမယ့်
နေရစ်တော့
တစ်ပြည်သူ မရွှေထား
ဒေါ်စု Aris ရယ်ဗျား ....
******************

NPNGMMP

 
RSS FeedRSS Subscription!
Follow me!Follow me!